Myanmar Idol Season(4)ရဲ့ ပြိုင်ပွဲ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ထက်အဉ္ဖလီကိုတော့ ပရိသတ်တွေ ရင်းနှီးချစ်ခင်ပြီးသားဖြစ်မှာပါနော်..။ပြိုင်ပွဲပြီးသွားတဲ့နောက်မှာတော့ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ တက်သစ်စ အဆိုတော်မလေးတစ်ယောက် ဖြစ်လို့လာခဲ့ပါပြီ..။

မအားမလပ်နိုင်အောင် ဖျော်ဖြေပွဲတွေကို ဖျော်ဖြေနေရပြီး ရတဲ့အချိန်လေးမှာလည်း အလှူအတန်းတွေကို လုပ်တတ်တဲ့ စိတ်ထားလှတဲ့သူလေးပါ..။ အမြဲပြုံးပြုံးလေးနေတတ်တဲ့ ထက်လေးက ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ပရိသတ်တွေကို သူမပြုလုပ်ထားတဲ့ အနုပညာလေးတစ်ခုကို ချပြခဲ့ပြီး

မှားယွင်းတဲ့ယူဆချက်လေးတွေနဲ့ ပြောဆိုမှုလေးတွေကို ခံခဲ့ရပါတယ်..။ ပုံထဲမှာ မော်ဒယ်မိန်းကလေးတစ်ယောက်နဲ့အတူ Valentine နေ့ အမှတ်တရ ရိုက်ထားပြီး “အေးဆေးဘဲ.. ဘာကြည့်နေတာလဲ..အားကျမခံ အခုပဲMentionခေါ်ပြီး ကိုယ့်အချင်းချင်းပဲ Ship လိုက်တော့လေ” ဆိုပြီး တင်လာခဲ့တာပါ..။

အခုတစ်ခါမှာတော့ သူမရဲ့ မိသားစုတွေဆီကိုပါ မေးမြန်းမှုတွေ လုပ်နေတာကို သဘောမကျတဲ့အကြောင်လေးကို ဒီနေ့ ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှာ “ထက်အကြောင်းသိချင်ရင် ထက်ကိုတိုက်ရိုက်လာမေးပါ.။ မိသားစုကို တကယ်ကြီးလား ဘာလား ရိသဲ့သဲ့မေးခွန်းတွေနဲ့မမေးပါနဲ့.။

ကိုယ့်အလုပ်ကိုလုပ်နေတာဖြစ်ပြီး ကိုယ်ဖန်တီးချင်တဲ့အနုပညာကိုဆက်ဖန်တီးနေမှာပါ ။ ဘယ်သူ့ကိုမှမထိခိုက်နေသရွေ့ ကိုယ်လုပ်ချင်တာကိုလုပ်နေဦးမှာပါ.။ဓာတ်ပုံရိုက်တယ်ဆိုတာလည်း အနုပညာရပ်တစ်ခုပါ.။ဘယ်သူ့ကိုမှမထိခိုက်စေတဲ့အတွက် အချို့သောသူတွေကလည်းသူတစ်ပါးထိခိုက်စေမယ့်အလုပ်မျိုးမလုပ်ကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်.။

မိသားစုထဲ သွေးထိုးစကားတွေမဆိုကြပါနဲ့ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တိုင်းမှာ နောင်တလည်းမရတတ်သလို ထက်ကနောက်လည်းပြန်လှည့်မကြည့်တတ်ပေမယ့် မိသားစုကိုအနေခက်အောင်ပြောဆိုနေတဲ့သူတစ်ချို့ကို မြင်စေချင်လို့ စာရေးလိုက်ပါတယ်..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ထက်ကလေးကတော့ သူမလုပ်တဲ့အနုပညာရပ်တစ်ခုကို မှားယွင်းစွာ မှတ်ချက်ပေးခဲ့ကြပြီး သူမရဲ့ မိသားစုကိုပါ ထိခိုက်စေမယ့် စကားမျိုးတွေကို မပြောကြဖို့ကို မေတ္တာရပ်ခံစကားပြောလိုက်တာပါ..။ ပရိသတ်ကြီးလည်း မှားယွင်းစွာ ကောက်ချက်ချခဲ့တဲ့လူတွေကြောင့် မိသားစုကိုပါ ထိခိုက်ပြောဆိုမှုတွေခံနေရတဲ့ ထက်အဉ္ဖလီအတွက် အားပေး စကားလေးတွေ ပြောပေးသွားပါဦးနော်..။