လေ ယာဉ်ထွက်ပြီး မှ မသေဘဲပြန်ဆင်းလာနိုင် တဲ့ အဖြစ်ကို ကြုံဖူးပြီဆိုတဲ့ ငွေဇင်လှိုင်း

ငွေ ဇင်လှိုင်း ကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသီချင်းဆိုပြိုင်ပွဲလို့ပြောရမယ့် Myanmar Idol Season(3)မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခုဆိုရင် ဂီတအနုပညာရှင်အဆိုတော်တစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်..။

သူမရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်ကလေးနဲ့ သီချင်းဆိုရာမှာ ရင်ထဲထိခံစားသီဆိုနိုင်တဲ့ အရည်အချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ပိုင်ဆိုင်သွားခဲ့သူလေးပဲဖြစ်ပါတယ်..။

အခုလတ်တလောမှာတော့ ငွေဇင်လှိုင်းလေးဟာ စီးရီးအခွေတစ်ခွေထွက်ဖို့အတွက် ပ်ြင်ဆင်နေပြီး နယ်ပွဲလေးတွေမှာလည်း ချစ်ရတဲ့ ပရိသတ်တွေအတွက် သီချင်းလေးတွေကို ဖျော်ဖြေနေလျက်ရှိပါတယ်..။

မကြာသေးခင်ကမှ သူနေထိုင်ရာ တမူးမြို့လေးမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ငွေကျပ်သိန်း(၁၅၀၀)ကျော်အကုန်အကျခံကာ ခမ်းနားလွန်းတဲ့ ကျွန်းမျက်နှာကြက်ကြီးကို လှူဒါန်းခဲ့ပါသေးတယ်။ဖျော်ဖြေပွဲတွေနဲ့ ခရီးတွေအမြဲထွက်နေရသူ ငွေဇင်လှိုင်းကတော့ ဒီနေ့မနက်ရန်ကုန်ကနေ မန္တလေးကိုလေယာဉ်နဲ့ သွားခဲ့စဉ်မှာတော့

“လေယာဉ်ထွက်ပြီးမှ မသေဘဲပြန်ဆင်းလာနိုင်ခဲ့တယ်… ကြုံဖူးပြီ.. ရန်ကုန် တူ မန်းလေးပဲ သွားတာကတော့… ခုတော့ ရန်ကုန် From ရန်ကုန်” လို့ရေးသားခဲ့ကာ မန်းလေးခရီးစဉ်ပျက်ခဲ့ပြီး အသက်ဘေးမှလွတ်ခဲ့ကြောင်းကို ရေးသားမျှဝေခဲ့ပါတယ်။

လေယာဉ်ထွက်ပြီးမှ သေကံမရောက်ဘဲ ပြန်ဆင်းလာနိုင်ခဲ့တယ်ဆိုတဲ့ ငွေဇင်လှိုင်းကတော့ ဘယ်လိုအဖြစ်မျိုးနဲ့ကြုံခဲ့သလဲမသိဘူးနော် ပရိသတ်ကြီးရေ…

Credit-9Media