က်ေ နာ် တို့ ငယ်ငယ်တုန်းက စမိုင်းလ်ကို TV တွေကြော်ငြာတွေထဲမှာ မြင်ဖူးကြမှာပါ……အဲဒီအချိန်တည်းက စမိုင်းလ်ဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်…နောက်ပိုင်းမှာတော့ စမိုင်းလ်ဟာ ချစ်တဲ့ခင်ပွန်း သမီး နှစ်ယောက်နဲ့ အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဦးစားပေးခဲ့တာကြောင့် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပါတယ်….

လက် ရှိအချိန်မှာလည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသစွာနေထိုင်လျက်ရှိပြီး သူတို့ မိသားစုလေးရဲ့ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြပုံတွေကို ပရိသတ်တွေက အားကျနေကြတာပါ……

အိမ်ထောင်ကျပြီးနောက်ပိုင်း သမီးလေးနှစ်ယောက်ကို မွေးပြီးချိန်မှာ စမိုင်းလ်ဟာ ဝိတ်တက်လာပြီး ဝလာခဲ့ပါသေးတယ်…..

ဒါပေမဲ့ အံ့အားသင့်ဖွယ် မယုံနိုင်လောက်အောင် ကလေးအမေလို့ မထင်ရလောက်တဲ့အထိ ဝိတ်ပြန်ကျပြီး လှပတဲ့ ခန္ဓာကိုယ်ကို စမိုင်းလ်တစ်ယောက် ပြန်လည်ရရှိခဲ့ပါတယ်….. ဝိတ်ချချင်တဲ့သူတော်တော်များများဟာ စိတ်ဓာတ်ဇွဲ မခိုင်မာတာကြောင့် တော်ရုံဝိတ်ချဖို့ အလွန်ခက်ခဲကြပေမယ့် စမိုင်းလ်ကတော့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဝိတ်မကျကျအောင် ချနိုင်ခဲ့တာကြောင့်ပါ….

ဒီလိုဝိတ်ချခဲ့တဲ့ အချိန်မှာလည်း စနစ်တကျနေထိုင်စားသောက်ခဲ့ပုံတွေကိုလည်း စမိုင်းလ်က ပြောပြခဲ့ဖူးပါတယ်…..လတ်တလောမှာတော့ သူမကို ဝလာပြီလို့ ပြောနေကြတဲ့ သူတွေကို စမိုင်းလ်က စိတ်မဆိုးဘဲ အရွှန်းဖောက်ပြီး ခုလိုပြောခဲ့ပါတယ်…

“ဝလာတယ်လာမပြောနဲ့ ရာသီဥတုအေးနေလို့ မောင်ဖက်လို့ကောင်းအောင်ဝပေးထားတာ ရှင်းလား”ဆိုပြီး ပြောပြခဲ့တာပါ…….ကဲ…ပရိသတ်ကြီးတို့လည်း မောင်ဖက်လို့ကောင်းအောင် နေကြအုံးနော်…..

Writer – HW (Shwe Yaung Lan)
Source : စမိုင်းလ် Smile