ပရိ သတ်ကြီးရေ ယခုမှာဆိုရင် ဂီတနယ်ပယ်မှာ ထွန်းတောက်လာတဲ့ အေးမြဖြူ လေးကတော့ Myanmar idol season (4 ) မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိခဲ့တဲ့သူဆိုရင်လည်းမမှားပါဘူးနော်..။ အေးမြဖြူက Myanmar idol နောက်ဆုံး Grand Final အထိကိုလည်းတက်ရောက်နိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ယခုဆိုရင်လည်း ဂီတနယ်ပယ်မှာ ပရိသတ်တွေကို နီးနီးကပ်ကပ် ဖျော်ဖြေနေရပြီလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အေးမြဖြူဟာ မနားမနေပွဲတွေမှာ သီချင်းတွေဖျော်ဖြေနေရပြီး ပညာရေးဘက်မှာလည်းမပြတ်သွားအောင် ဂရုတစိုက်လုပ်နေရတယ်လို့လည်းသိရပါတယ်။

Myanmar idol season (4 ) မှာဝင်ရောက်ယှဉ်ပြိုင်ရင်း ပရိသတ်တွေအားပေးချစ်ခင်တွေကြောင့် ဂီတလောကမှာလျှောက်လှမ်းကာ ယခုဆိုရင် ဒါရိုက်တာ ဏကြီး ရိုက်ကူးမယ့် “ချစ်ခင်စ မှော်ရုံ” ရုပ်ရှင်ဇာတ်ကြီးမှာ စတင်ပါဝင်သရုပ်ဆောင်တော့မှာလည်းဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့အဓိက ဒိတ်ဒိတ်ကြဲသရုပ်ဆောင်များဖြစ်ကြတဲ့ ဒေါင်း ၊ ကျော်ထက်အောင် ၊ ထက်အောင်ရှိုင်း ၊ မိုးဟေကို ၊ ပိုင်ဖြိုးသု တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။

အဲ့ ဒီ “ချစ်ခင်စ မှော်ရုံ” ရုပ်ရှင်ဇာတ်ကြီးကန်တော့ပွဲလေးကိုလည်း အခြားဝါရင့် သရုပ်ဆောင်များနှင့်အတူ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ဂီတနယ်ပယ်မှာသာမက သရုပ်ဆောင်ဘက်မှာလည်း လျှောက်လှမ်းလာတော့မယ် အေးမြဖြူကို အားပေးစကားလေး ပြောပေးပါဦးနော်…။ ကဲ… ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဒါရိုက်တာ ဏကြီး ရိုက်ကူးမယ့် “ချစ်ခင်စ မှော်ရုံ” ရုပ်ရှင်ဇာတ်ကြီး ကန်တော့ပွဲမှာ တွေရတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

Credit