နေခြည် ဦးကတော့ Beauty Blogger အဖြစ်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှု အများဆုံးရရှိထားတဲ့ သူတစ်ယောက်လို့ ဆိုရမှာပါ။ လက်ရှိမှာလည်း သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာပြီပဲ ဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်ချက်ကို တက်သစ်စဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်တွေကပါ ချီးကျူးရတဲ့ထိပါပဲနော်။

အခုလာမယ့် ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှာ သူမပါဝင်ထားတဲ့ “အိပ်မက်တွေမိုးထားတဲ့အိမ် ” ဇာတ်လမ်းတွဲကြီးက MNTV မှာ ပြသတော့မှာပဲ ဖြစ်ပါတယ်။ အချစ်ရေးအနေနဲ့ ချစ်သူသက်တမ်း(၂)နှစ်ကျော် ကြာအောင် ချစ်သူနဲ့ လက်တွဲပြီး နှစ်ဦးသဘောတူညီမှုနဲ့ လမ်းခွဲခဲ့ကြတာဖြစ်ပြီး ချီချီကတော့ လက်ရှိမှာ တစ်ယောက်တည်း Single အဖြစ်နဲ့ အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်နေတယ်လို့ဆိုရမှာပါ။

မကြာသေးမီကလည်းပွဲတစ်ခုမှာ ချစ်သူဟောင်းအောင်ရဲလင်းနဲ့ အတူတူပွဲတက်ခဲ့ပြီး ပရိသတ်တွေကြားမှာ သူတို့နှစ်ဦးရဲ့ ပွဲတက်ပုံရိပ်တွေက ရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးတစ်ယောက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ” အသဲကွဲနေရတာကို ကြိုက်တာ ” ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ခပ်ဆွေးဆွေးအလှပုံရိပ်လေးကို ဝေမျှခဲ့တာပါ။ ချီချီတစ်ယောက် အသည်းကွဲနေတာလားဆိုတာ ပရိသတ်ကြီးလည်း ခန့်မှန်းပေးခဲ့ပါဦးနော်။

Source : Nay Chi Oo
Credit CeleConnections