စွယ် စုံရ ဒါရိုက်တာကြီး မြို့မကိုပေါကိုတော့ ပရိသတ်တွေမှတ်မိကြမယ်ထင်ပါတယ်။ အနုပညာသမားစစ်စစ်ဖြစ်ပြီး အနုပညာကို မြတ်နိုးတဲ့၊ ပရိသတ်တွေကို လေးစားတန်ဖိုးထားတဲ့ ဒါရိုက်တာကြီးမြို့မကိုပေါဟာ ဒါရိုက်တာဖြစ်ရုံတင်မက ဂီတပညာရှင်၊ တေးရေးဆရာကြီးဖြစ်တဲ့အပြင် ကင်မရာမန်းအဖြစ်လည်း လုပ်ခဲ့ဖူးသလို အနုပညာနယ်ပယ်မှာ ထုံးလိုချေရေလိုနှောက်အောင် ကျင်လည်ခဲ့ဖူးပြီး အနုပညာနဲ့ပတ်သက်စပ်ဆိုင်တဲ့ ပညာတော်တော်များများကိုလည်းဆည်းပူးလေ့လာခဲ့သူဖြစ်သလို ပရိသတ်ကိုအနုပညာအစစ်တွေချည်းချပြခဲ့သူဖြစ်တာကြောင့် အနုပညာလောကတစ်ခုလုံးရဲ့ လေးစားမှုကိုခံရသလို ပရိသတ်တွေ တခဲနက်အားပေးခံရတဲ့ ဒါရိုက်တာကြီးပါ။ မြို့မကိုပေါဟာ အရင်ခေတ်က ရုပ်ရှင်ဇာတ်ကားကောင်းတွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ဒါရိုက်တာကောင်းတစ်လက်ဖြစ်သလို သင်္ကြန်မိုးဇာတ်ကားထဲက ဇာတ်ဝင်သီချင်းကိုလည်း ကိုယ်တိုင်ရေးခဲ့တဲ့ ဂီတပညာရှင်ကြီးပါ။

ဒါရိုက်တာကြီးမြို့မကိုပေါဟာ လက်ရှိအချိန်မှာ အသက်အရွယ် အတော်အတန်ကြီးရင့်လာတာကြောင့်လည်း တစ်ကြောင်း ပရိသတ်နဲ့အဆက်ပြတ်နေတာအတော်ကြာခဲ့ပြီဖြစ်ပေမယ့် မြို့မကိုပေါရဲ့ တပည့်သားတွေ ပရိသတ်တွေကတော့ သတိရတမ်းတနေကြဆဲပါ။ မကြာသေးမီက မြို့မကိုပေါရဲ့ ပရိသတ်၊တပည့် ချစ်ခင်သူတစ်ဦးက ဒါရိုက်တာကြီးကို ငွေသားနဲ့ အင်္ကျီပုဆိုးလေးတွေနဲ့ သွားရောက်လှူဒါန်းခဲ့ပြီး ဒါရိုက်တာမြို့မကိုပေါကို သတိရနေကြသူတွေအတွက် မြို့မကိုပေါရဲ့ ဓာတ်ပုံနဲ့ ကိုပေါအကြောင်းတွေကို လူမှုကွန်ယက်မှာ တင်ထားခဲ့တာကိုလည်း အလွမ်းပြေတွေ့ရပါတယ်။

အဲဒီပို့်စ်လေးမှာ ဘဘ ဒါရိုက်တာကြီး မြို့မကိုပေါဟာ ၁၉၆၁မှာ ကိုယ်ပိုင်မေတ္တာဇာတ်ကားနဲ့ ဦးလူကလေးနဲ့အကယ်ဒမီ ပူးတွဲပေးအပ်တာခံရစဉ်က အကယ်ဒမီကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့ကြောင်းနဲ့ အဲဒီလိုငြင်းဆိုရခြင်းအကြောင်းကိုဖော်ပြထားခဲ့တာကိုလည်း လေးစားဖွယ်တွေ့ရပါတယ်။ ဘဘက အကယ်ဒမီကို ငြင်းခဲ့ရခြင်းအကြောင်းဟာ အကယ်ဒမီနဲ့ထိုက်တန်တယ်၊ကောင်းတယ်ဆိုတဲ့ ဇာတ်လမ်းရိုက်ကွက်တွေက ဘဘ တလွဲတွေရိုက်ထားတာတွေချည်းဖြစ်နေတာကြောင့် အကယ်ဒမီကို အရှက်မရှိတက်မယူချင်ဘူးဆိုပြီး ငြင်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဘဘက အကယ်ဒမီကိုငြင်းခဲ့တဲ့အကြောင်းကို “၁၉၆၁ကိုယ်ပိုင်မေတ္တာ ဇာတ်ကားနဲ့ အကယ်ဒမီပူးတွဲ ဦးလူကလေးနဲ့ပူးတွဲပေးအပ်ခံရတုန်းက ဖြစ်ပါတယ်။အကယ်ဒမီ ဆုရွေးချယ်ရေးအဖွဲ့ကို ဆုပေးတော့ ကျွန်တော် မေးပါတယ်။ကျွန်တော့်ဇာတ်ကား ဘယ်နေရာ ကောင်းကွက်ကို ပေးကြတာလဲ ပေါ့ဗျာ။သူတို့ပြောတဲ့ ကောင်းကွက်ဆိုတဲ့ နေရာမှန်သမျှဟာကျွန်တော် တလွဲ ရိုက်ထားတာတွေ ချည်းပါပဲ ။” အဲဒါမျိုး ပေးတဲ့ အကယ်ဒမီကိုတော့ ကျွန်တော် စောက်ရှက်မရှိ တက် မယူချင်ပါဘူးဗျာ” အဲ့ဒါမျိုး အကယ်ဒမီကို ကျွန်တော် ငြင်းပါတယ်”လို့ ပြောပြထားခဲ့တာပါ။့ပရိသတ်ကြီးအတွက် ဒါရိုက်တာကြီး မြို့မကိုပေါရဲ့ ဓာတ်ပုံလေးကို အလွမ်းပြေဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော မြို့မကိုပေါရဲ့ အနုပညာတွေကိုလွမ်းဆွတ်နေကြပြီလား။ မြို့မကိုပေါကိုရော အားပေးကြလား။ ပြောခဲ့ကြပါဦး။

Credit YGN NEWS