ဈေး ကွက်ဝင်၅သောင်းမှ ၂သိန်းခွဲဝန်းကျင်​ရရှိနိုင်သော စက္ကူပန်းတစ်ပင်မှရောင်စုံပွင့်စေသည့် ကိုင်းကူးကိုင်းဆက်နည်း

လို အပ်သောပစ္စည်းများ

ကပ်​ကြေးထက်ထက်တစ်လက်

ဘရိတ်ဓားတစ်ချောင်း

ရေစိုခံတိတ်​အကြည်တစ်ခွေ

ရှင်သန်နေသောစက္ကူပင်မတစ်ပင်တစ်အိုး(Main အပင်​)

ကူးချင်သည့်အရောင်ပါသည့်ကိုင်းရင့်ကို ၂​ပေ​လောက်​ဖြတ်​ပါ ဖြတ်ထားသည့်ကိုင်းအပင်မှ အရွက်​များညပ်ထုတ်ပါ

ရင့်သောအရင်းနေရာမှအရိုးအား ဘလိတ်​ဓားဖြင့်​ ခြစ်​ထုတ်​ပါ အတွင်းသားအစိမ်းရောင် အကြောနားရောက်သည်အထိခြစ်​ပါ

အရောင်စုံပွင့်စေလိုသည့်​Main အပင်​မကြီး၏ မိမိကူးလို​သောအကိုင်း​နေရာမှ အရိုးကိုအလယ်မှ ဓားဖြင့်​ခွဲပါ အဆစ်ထိရောက်အောင်ခွဲပါ။

ခုနဖြတ်ထားသောအရိုးကိုအလယ်​ခွဲထား​သောအပင်​မကြီးအရိုးထဲသို့ ညှပ်​ထည့်​ပါ။

နှစ်ပင်ပေါင်းပြီး အရိုးချင်းဆက်​သွားပါမည်​။ ရေစိုခံတိတ်ဖြင်​ ပတ်စည်းပါ။

၃ပတ်ကြာလျှင်​ အပင်ကိုင်းကူးသွားပါပြီ။

အောက်ပါပုံများကိုကြည့်ပြီးလည်း ​လေ့လာစမ်းသပ်နိုင်ပါပြီ။ မတူညီသော ကိုင်းဆက်နည်းများကို ပြထားပါသည်​။

လက်တွေ့လုပ်​ကြည့်​ခြင်းဖြင့်​ ဗဟုသုတရရှိပြီးစီးပွား​ရေးလုပ်​နိုင်​ကြပါ​စေ။

မေတ္တာဖြင့်…