ကဲ သူ တို့ အကြောင်း ( စနေသမီးများ ) ကို အတင်းတုပ်လိုက်ကြရအောင်!

သူတို့ ဟာ တကယ်စိတ်ကြီးပါတယ်။ ပြောရမယ်ဆိုရင် လူမှုရေးတင်မက အချစ်ရေးမှာပါ စိတ်ကြီးတာပါ။သူတို့ ရဲ့ ချစ်သူကို သ၀န်အရမ်းတိုတဲ့အပြင် အရမ်းလဲသံသယများတတ်ပါတယ်။

ဒါပေမဲ့လဲ ဘယ်သူ့ ကိုမှ ဖွင့်မပြောတတ်တော့ သူတို့ ဘာသာသူတို့ ခံစားပြီး ဘယ်သူမှမသိအောင် တိတ်တိတ်လေးမျက်ရည်ကျတတ်ကြပါတယ်။နောက်ဆုံး သူတို့ မျိုသိပ်လို့ မရအောင် ပေါက်ကွဲသွားတဲ့နေ့ ကတော့ တကယ်ကိုနဂါးတစ်ကောင်လို ကြောက်ဖို့ ကောင်းတာပါပဲ။အချိန်လေးနည်းနည်းကြာသွားရင်တော့ ခုနက သူမဟုတ်တဲ့အတိုင်းပဲ ပြန်ပြီးစိတ်ပြေသွားတတ်ပါတယ်။

သူတို့ က စိုးရိမ်စိတ်လဲအရမ်းကြီးပါတယ်။ တစ်ခုခုဆို အဆုံးထိတွေးပစ်လိုက်တာပါပဲ။ အဆုံးထိဆိုတာကလဲ ကောင်းတဲ့ဘက်ကိုမဟုတ်ပဲ မကောင်းတဲ့ဘက်ကိုတွေးလိုက် တာပဲဖြစ်ပါတယ်။သူတို့ ချစ်သူ/လင်ယောကျာ်းကိုတော့ ဘယ်အရွယ်ပဲရောက်နေရောက်နေ ချွဲတတ်ပြီး အချစ်ကြီးတာကတော့ လူတိုင်းလက်ခံရတဲ့အချက်ပါပဲ။ သူတို့ ဘက်က သစ္စာဖောက်တာရှားပါတယ်။

ပြီးတော့ ရွယ်တူထက် သူတို့ ထက်ကြီးတဲ့လူကို ပိုပြီးသဘောကျတတ်တာကလဲ စနေသမီးတွေရဲ့ ထုံးစံပါပဲ။ အိမ် ထောင်ဖက်ရွေးချယ်တဲ့အခါဆိုရင် ပိုဆိုးပါတယ်။သူတို့  ချွဲလို့ ကောင်းမဲ့ ကော်ကြီးတွေကိုရွေးချယ်ကြတာများပါတယ်။သူတို့ က မာနလဲကြီးတယ်။ မာနကြီးတယ်ဆိုတာကလဲ မကောင်းတဲ့မာနကြီးခြင်းမဟုတ်ပါဘူး။

သူတို့ ရဲ့  ကောင်းသောပြုမူနေထိုင်ပုံအရ အဲ့အပေါ်မှာ မာနကြီးတာပဲဖြစ်ပါတယ်။စနေသမီးတော်တော်များများဟာ လူချစ်လူခင်ပေါများပါတယ်။ ဒါပေမဲ့ ကိုယ်ကရင်ဘတ်နဲ့ ပေါင်းတဲ့သူငယ်ချင်းတချို့ ရဲ့ နောက်ကျောကို ဓားနဲ့ ထိုးတာမျိုးတွေကိုကြုံရတတ်ပါတယ်။

အဲ့လိုထိုးခံလိုက်ရပြီဆိုရင် သူတို့ ဟာ တစ်ဘ၀လုံး ဆိုက်ကိုဝင်သွားတတ်ကြပါတယ်။ အဲ့ဒီဒဏ်ကို ဘယ်သူတွေခံရလဲဆိုရင် သူတို့ ရဲ့ ချစ်သူ/လင်ယောက်ျား နဲ့  နောက်မိတ်ဆွေတွေက ခံရတော့တာပါပဲ။အမြဲတမ်း ဆိုက်ကိုတွေဝင်နေတတ်တဲ့သဘောပေါ့။စနေသမီးတွေဟာ အသန့် လဲကြိုက်ပါသေးတယ်။ အလုပ်ကိုလဲ တာဝန်ကျေတာထက် ပိုပြီးလုပ်တတ်တာ စနေသမီးတွေပါ။

သူတို့ ကို ဂရုစိုက်ပေးပြီး နွေးနွေးထွေးထွေးဆက်ဆံ စိတ်ရှည်လက်ရှည်သာ ချစ်မယ်ဆိုရင် သင့်ကို ဘယ်တော့မှထားသွားမဲ့လူမျိုးတွေမဟုတ်ပါဘူး။ အဲ့အချက်ကိုတော့ ရဲရဲကြီးယုံကြည်လိုက်ပါ။ဒါကတော့ စနေသမီးတွေရဲ့ သဘောသဘာဝနဲ့ ပတ်သတ်တာလေးတွေပဲဖြစ်ပါတယ်။ နောက်နေ့ နံတွေအတွက်လဲ နောက်ဆောင်းပါးတွေမှာ တင်ဆက်ပေးပါဦးမယ်။ မင်္ဂလာရှိသောနေ့ လေးဖြစ်ပါစေခင်ဗျာ။

Credit to marry

naethitmyanmar