ရုပ် ရှင်ဇာတ်ကားကောင်းကြီးတွေကို အမြဲမပြတ်ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ ဇင်ယော်မောင်မောင်ဟာ ရုတ်တရက်မူးလဲပြီ ဂရန်းဟံသာဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။ ဘာဖြစ်တယ်ဆိုတာ ဆေးစစ်ချက်တွေထွက်လာမှသာ သိရမှာပါ။

ခုလိုဖြစ်သွားတာကိုလည်း “မူးလဲ၍ဆေးရုံတက် check up လုပ်နေပါတယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာတွေ့ခဲ့ရပါတယ်။ ပရိတ်သတ်ကြီးလည်း ဒါရိုက်တာ ဇင်ယော်မောင်မောင် ပြန်လည်နေကောင်းလာဖို့နဲ့ ဆေးစစ်ချက်ထွက်လာရင် ဘာရောဂါမှ မရှိဖို့ ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။ ဒီထက်မက ဇာတ်လမ်းကောင်းတွေဖန်တီးနိုင်ပါစေ………..

Credit Myanmar Online News

Credit-