ပရိသ တ်ကြီးရေ နန်းရွှေအေးကတော့ Miss Universe Myanmar (၂၀၁၅- ၂၀၁၆ ) ရဲ့ First RunnerUp တစ်ယောက်ပဲ ဖြစ်ပြီး အလှမယ် ၊ မော်ဒယ်လမ်းကြောင်းပေါ်က တဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ဟန်လေးကတော့ ယောကျာ်းလေးပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦးပါပဲနော်။ ပရိသတ်တွေကချစ်စနိုးနဲ့ ဟန်လေးလို့ လည်း ခေါ်လေ့ရှိကြပါသေးတယ်။ MTV များစွာရိုက်ကူးထားတဲ့ သူတစ်ယောက်လည်းဖြစ်ပြီး လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး စကားသံဝဲတဲတဲလေးနဲ့ ပရိသတ်ကိုဆွဲဆောင်ထားနိုင်သူလေး ဖြစ်ပါတယ်။

ဟန်လေးကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ မော်ဒယ်အလုပ်ကိုပဲပိုပြီး ဝါသနာပါတာဖြစ်တာမို့ ကာရိုက်တာတိုင်းကို လက်ခံပြီး ရိုက်ကူးတာထက် အဆင်ပြေ တဲ့ ကာရိုက်တာတွေ့မှပဲ လက်ခံရိုက်ကူးတတ်တဲ့ မင်းသမီးလေးလို့ ဆိုရမှာပါ။ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများ အလှူအတန်းလုပ်နေမှုများကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလေ့ရှိပါတယ်။

သူမအနေနဲ့ အချစ်ရေးကိုတော့ ထုတ်ပြောထားခြင်းမရှိတာကြောင့် ပရိသတ်တွေက အထူးစိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှတော့ ကလေးအရွယ်ထဲက ချစ်ခဲ့ရပြီး အခုချိန်ထိ ချစ်ခဲ့ရတဲ့သူတစ်ယောက်အကြောင်း ကို ထုတ်ဖော်ပြောလာတာပါ။ “ အခုချိန်ထိ ချစ်တယ်ကလေးထဲကချစ်ခဲ့တာ ” ဆိုတဲ့ စာလေးနဲ့အတူ ပြည်သူ့အချစ်တော်မင်းသားအောင်ရဲလင်းရဲ့ Love React ပေးခဲ့တဲ့စခရင်မ်ရှော့လေးကို သူမရဲ့MyDay မှာေ ဖ်ာပြခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော ငယ်ငယ်ထဲက ချစ်ရတ့ သူတွေရှိလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Nan Shwe Aye
Credit –CeleConnections