မင်း သမီးကြီး အန်တီဝါဝါဝင်းရွှေဟာ သူ့ခေတ်သူ့အခါက လူကြိုက်အများဆုံး အအောင်မြင်ဆုံး အနုပညာရှင်များထဲက တစ်ဦးဖြစ်ပါတယ်….ငယ်စဉ်အခါက အရမ်းချောမောလှပပြီး အခုအချိန်ထိလည်း လှတုန်းနုတုန်း ဖြစ်ပါတယ်….

လက်ရှိအချိန်မှာလည်း အဘွားရဲ့ အချောအလှတွေကို အမွေများရထားသလားလို့ ထင်ရတဲ့ မြေးဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်း နဲ့ ဝင်းဝါပန်းမြတ်သူဟာလည်း အရမ်းကို ချစ်စရာကောင်းလှပကြတာ ဖြစ်ပြီးတော့ ပုရိသားတွေကြားထဲမှာနာမည်ကြီးနေတာလည်း ပရိသတ်ကြီးတို့ အသိပါ……

ဒါ့အပြင် မင်းသမီးကြီး ဝါဝါဝင်းရွှေဟာ ချောမောလှပတဲ့ မြေးမလေးနှစ်ယောက် အပြင် နောက်ထပ် ချောမောလှပတဲ့ မြေးမချောလေးတစ်ယောက်ကိုပါ ပရိသတ်ကြီးဆီ ချပြလိုက်ပါတယ်…..

သတိထားမိတဲ့ သူတွေကတော့ သူ့ကို သိကြမှာပါ…သူကတော့ “ယူရီ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး ဝင်ဒီထက်ပဲ ဖြစ်ပါတယ်…..

အဘွားဆီက အချောအလှတွေ အမွေရထားသလို အနုပညာသွေးပါတယ်လို့ ဆိုရလောက်အောင် သရုပ်ဆောင်ရာမှာလည်း ဝင်ဒီက ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ …

ဝင်ဒီဟာ ဆွဲဆောင်မှုရှိတဲ့ အလှကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပြီး ပညာရေးမှာလည်း နိုင်ငံခြားမှာ ပညာသင်ကြားလာတဲ့ ထူးချွန်ထက်မြက်သူတစ်ယောက်ပါ…..

ခုဆိုရင်တော့ မင်းသမီးကြီး ဝါဝါဝင်းရွှေ က ပရိသတ်ကြီးကို အသိပေးခဲ့တဲ့ မြေးမလေး ၃ ယောက်ရှိသွားပါပြီ……. ၃ ယောက်စလုံးက ချောမောလှပသလို အနုပညာသွေးလည်း ပါသူတွေ ဖြစ်တာကြောင့် နောင်တချိန် အနုပညာလောကထဲကို ဝင်လာမယ်ဆိုရင် ပရိသတ်ကြီးတို့လည်း အားပေးကြပါအုံးနော်……

Writer – HW (Shwe Yaung Lan)