ဆယ်ေ ကျာ်သက် မိန်းကလေးတွေရဲ့ ဝန်းရံအားပေးမှုနဲ့ အောင်မြင်လာခဲ့တဲ့ Beauty Blogger နေည်ဦးကတော့ မကြာသေးမီကမှ သူမရဲ့ (၂၈) နှစ်ပြည့်မွေးနေ့လေးကို ကျင်းပခဲ့တာပါ ။ အချစ်ရေးနဲ့ပတ်သတ်လို့ မကြာသေးမီကမှ ချစ်သူနဲ့လမ်းခွဲခဲ့ပြီး လက်ရှိမှာအနုပညာအလုပ်တွေကိုပဲ ကြိုးစား လုပ်ကိုင်နေတာတွေ့ရပါတယ် ။

အချစ်ရေး ကိုထပ်မစဉ်းစားသေးဘဲ တစ်ကိုယ်တည်း စင်ဂယ်ဘဝနဲ့ သူမရည်မှန်းချက်တွေကို အကောင်ထည်ဖော်နေခဲ့တာဖြစ်ပါတယ် ။ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာတော့ ခတ်သစ်ဖောင်ဒေးရှင်းရဲ့ (၁)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားပွဲလေးကို လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံက ကျင်းပပြုလုပ်ခဲ့ပါတယ် ။

နေခြည်ဦးတို့ဖွင့်လှစ်ထားတဲ့ စိမ်းလဲ့တင် သဘာဝအပန်းဖြေစခန်းက တိရစ္ဆာန်လေးတွေနဲ့ပတ်သတ်ပြီးဒီပို့စ်ကို ဖတ်ရစဉ်တုန်းကလည်း ပိုင်ရှင်သမီးတစ်ယောက် အနေနဲ့မဟုတ်ဘဲ ဖတ်တဲ့သူတစ်ယောက်အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ နေခြည် ကပြောပြခဲ့ပါတယ် ။

တကယ်က နေခြည်အမေက တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်လို့မွေးထားခဲ့တာဖြစ်ပြီး တကယ်တမ်းလုပ်ပေးရတာကတော့ နေခြည်ဖေဖေဖြစ်တဲ့အတွက် ဖေဖေကတော့ စီးပွားရေးလည်ပတ်အောင် လုပ်ရမှာပဲလို့ နေခြည်က ဆိုပါတယ် ။ သားရဲတိရစ္ဆာန်အကြီးတွေဖြစ်တဲ့အတွက်လည်း သူတို့အတွက် စားစရိတ်က အရမ်းကိုကြီးတယ်လို့သိရပါတယ် ။

နေခြည်အဖေက တိရစ္ဆာန်တွေနဲ့ပိုက်ဆံရှာဖို့မွေးခဲ့တာမဟုတ်ဘဲ နေခြည်အမေက တိရစ္ဆာန်တွေအရမ်းချစ်လို့မွေးရင်းနဲ့ တရားဝင် လိုင်စင်နဲ့ တိရစ္ဆာန်ဥယျာဉ်ဆိုပြီးဖြစ်လာခဲ့တာဖြစ်တယ်လို့ နေခြည်က ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ် ။

ပရိသတ်ကြီးအတွက် နေခြည်အင်တာဗျူးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။