ရန် ကုန်၊ ဇန်နဝါရီ ၂၇

ဒ ဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၄၁ ရပ်ကွက်တွင် ၁၄ နှစ်အရွယ် ချစ်သူမိန်းကလေးကို ကိုယ်ဝန်မရှိစေရန် ဆေးတိုက်သည့် အသက် ၁၆ နှစ်အရွယ် လူငယ်အမျိုးသားအား မုဒိမ်းမှုပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆေးတိုက်ခံရသည့် မိန်းကလေးမှာ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက နေအိမ်တွင် မောင်နှမများနှင့်အတူရှိနေစဉ် ၎င်း၏ ချစ်သူလူငယ်အမျိုးသားက ဆေးတိုက်ခဲ့သည်ကို ညီမဖြစ်သူက မြင်တွေ့ခဲ့ပြီးနောက် ဈေးရောင်းရာမှ နေအိမ်သို့ ပြန်လာသည့် မိဘများကို အသိပေးခဲ့သည်။

မိဘနှစ်ပါးက ၁၄ နှစ်အရွယ်သမီးဖြစ်သူကို မေးမြန်းရာ ၎င်း၏ ချစ်သူက သားမယားပြုကျင့်ခဲ့ပြီးနောက် ခဏအကြာတွင် နေအိမ်သို့ ထပ်မံပြန်လာပြီး ၎င်းအား ကိုယ်ဝန်မရှိစေရန်ဟုဆိုကာ ဆေးတိုက်ခဲ့ကြောင်း သိရှိရသဖြင့် ယင်းဖြစ်စဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက (ပ) ၂၁၃/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Credit-TheVoice