ဆ ရာ စကား​ပြောလို့ရလားခန​လောက်​။ Private ​ကျောင်းမှာ ကျွန်​မက​လေးနဲ့ ကျွန်​မရဲ့သူငယ်​ချင်းအချို့ ရဲ့က​လေး​တွေ​ကျောင်းထားကြတယ်​။ ဒီ​နေ့ ကျွန်​မစီကို ကျွန်​မသမီးရဲ့အတန်းတွဲဖက်​ဆရာမစီက ဖုန်းမှားနှိပ်​မိပြီး ဝင်​လာတယ်။ ကျွန်​မအထင်​​ပေါ့။ ကျွန်​မလဲဖုန်းကိုင်​ပြီးပြန်​ထူးလိုက်​တယ်။က​လေးတို့​ကျောင်းကပဲဆိုပြီး ဖြစ်​ချင်​​တော့တစ်​ဖက်​ကဘာမှပြန်​မ​ပြောဘူး။ အဲ့ဆရာမကို​တော့က​လေး​နေမ​ကောင်းတစ်​ခုခုဆိုဆက်​ဖို့ ဖုန်း​နံပါတ်​​ပေးဖူးတယ်​။ ဖုန်းလဲ​ပြောဖူးတယ်​။

သူ့ဘက်​ကဘာမှစကားပြန်​​ပြောသံမကြား​တော့ကျွန်​မလဲ မအား​သေးလို့​နေမှာပါဆိုပြီးဆက်​ကိုင်​ထားလိုက်​တယ်​။ က​လေး​တွေကို ရိုင်းစိုင်းေ​တွစကား​တွေနဲ့​အော်​​အော်​ပြီး​ပြော​နေတာ။ နင်​တို့မိဘ​တွေစီဖုန်းဆက်​လိုက်​ရမလား။ ငါ့အ​ကြောင်းသိတယ်​မို့လား ဆိုပြီ ​အော်​ဟစ်​​ပြောဆို​နေတာ kg အရွယ်​နဲ့​တောင်​မမျှတပါဘူး။ နင်​တို့မိဘ​တွေက စာအုပ်​ထဲစာပါတာပဲ​တွေ့ချင်​တာ ကိုယ့်​သားသမီး​သောက်​သုံးမကျတာ​တော့မသိဘူး။ စိတ်​နဲ့ကိုယ်​နဲ့မကပ်​​တွေဟာ​တွေ ဆိုပြီး စာအုပ်​​တွေပစ်​​ပေါက်​သံ ပစ်​ချသံ၊ အကုန်​လုံးအတိုင်းသားကြား​နေခဲ့ရတယ်။

ကျွန်​မလဲ ဖုန်းချဖို့ ဖုန်း​ပြောဖို့​တောင်​သတိမရ​တော့ပဲ နား​ထောင်​​နေရင်း မျက်​ရည်​​တွေကျလာပီး​ကြောင်​​နေမိတယ်​။ ငါသည်းမခံနိုင်​​တော့ဘူး။ ငါ့စိတ်​ကိုလာမဆွနဲ့ဆိုတဲ့အသံ၊ ​ကျောင်းသား​လေးတစ်​​ယောက်​ကိုဟိုမှာကြည့်​ထားကြ၊ ငတုံး​ကောင်​ကိုဆိုတဲ့အသံ၊ အဲ့ဆူသံ ​အော်​သံ​တွေကို ကျွန်​မဖုန်းမချပဲဆက်​နား​ထောင်​​နေမိတယ်​။ ကိုယ့်​သားသမီးသူ့သားသမီးရှိသမျှအတန်းထဲက က​လေး​တွေကိုအမည်​​ခေါ်ပြီးတစ်​​ယောက်​မကျန်​ကြိမ်းဝါး​နေလိုက်​တာ။ အရွယ်​နဲ့​တောင်​မမျှတပါဘူး။ ကျွန်​မ၁၉မိနစ်​​လောက်​နား​ထောင်​ပြီးဖုန်းချပစ်​ခဲ့တယ်။ ရင်​ထဲမှာပူ​လောင်​ပြီးက​လေး​တွေအတွက်​​သောကဖြစ်​ရပါတယ်​။ စိတ်​ကိုအတက်​နိုင်​ဆုံးငြိမ်​​အောင်​ထားပြီး က​လေးတို့​ကျောင်းကိုလိုက်​သွားခဲ့တယ်​။

ကား​မောင်းရင်းလဲငိုခဲ့မိတယ်​။ ​ကျောင်းအုပ်​နဲ့​တွေ့ချင်​ပါတယ်​​ပြောပြီးဝင်​သွားခဲ့တယ်​။ ဘာမှရှည်​ရှည်​​ဝေး​ဝေးမ​တွေးခဲ့ မ​ပြောခဲ့ပဲ ကျွန်​မသမီး​လေးအဆင်​​ပြေရဲ့လားလို့​မေးလိုက်​တယ်​။ အရမ်း​တော်​တယ်​၊အဆင်​​ပြေတယ်​လိမ်​မာတယ်​တဲ့။ အဲ့စကား​တွေကြားပီးကျွန်​မနာနာကျင်​ကျင်​ပြုံးခဲ့မိတယ်​။ ကျွန်​မတို့က​လေးအတန်းကိုင်​တဲ့ဆရာမက ဘာနဲ့​ကျောင်းပြီးတာလဲ​မေးခဲ့တယ်​။ သမိုင်းနဲ့တဲ့ ဆရာဖြစ်​သင်​တန်း ​တွေ ပညာ​ရေးနဲ့ပတ်​သက်​တာ​တွေ က​လေး​တွေနဲ့ပက်​သက်​တာ​တွေသင်​တန်း​ပေးဖူးလားလို့​မေးခဲ့မိတယ်။ ​ ခန့်​ထားတာ ၅လပဲရှိ​သေးတာ၊ ဘာသင်​တန်းမှမ​ပေးရ​သေးပါဘူးတဲ့​လေ။ အဲ့လို ဆရာမတစ်​​ယောက်​ရဲ့ကျင့်​ဝတ်​၊ က​လေးထိန်းတစ်​​ယောက်​သာသာရှိတဲ့သူမျိုးကို ဒီလိုနုနယ်​လွန်းလှတဲ့ အတုမြင်​အတက်​သင်​​နေတဲ့ အရွယ်​ ဘာမှစကားကို ရည်​ရည်​လယ်​လယ်​မ​ပြောတက်​​သေးတဲ့က​လေး​တွေရဲ့အတန်းမှာ လစာ ၁၅၀၀၀၀​ပေးပြီး ခန့်​ထားတယ်​ဆိုတာကျွန်​မသိလိုက်​ရတယ်​။

ဒီ​နေ့ပဲကျွန်​မက​လေးကိုကျွန်​​မ​ကျောင်းထုတ်​ခဲ့လိုက်​တယ်​။ အခြားကျန်​​နေ​သေးတဲ့က​လေး​တွေအတွက်​ကျွန်​မဘာလုပ်​​ပေးရမှန်းမသိဘူးဖြစ်​​နေတယ်​။ ကျွန်​မသူငယ်​ချင်းက​လေး​ရောထုတ်​လိုက်​တယ်​။ ကျန်​တဲ့က​လေး​လေး​တွေအတွက်​ကျွန်​မဘာလုပ်​​ပေးရမှန်းမသိဘူး။ ကျွန်​မ​ကျောင်းအုပ်​ကိုလဲဖွင့်​မ​ပြောခဲ့ဘူး သိချင်​တာ​တွေပဲ​မေးပြီးပြန်​လာခဲ့တယ်​။ က​လေးကအခုမှ ၅နှစ်​​လေးလပါဆရာရယ်​။ အဲ့အခန်းထဲကက​လေး​တွေကငယ်​ငယ်​​လေး​တွေပါ အိမ်​ကအ​မေမုန့်​ထည့်​​ပေးရင်​​တောင်​ဆရာမအတွက်​ပိုထည့်​​ပေးပါ​ပြောတက်​တဲ့က​လေး​တွေပါ။ စာ​တွေအများကြီးမတက်​သွားရင်​​တောင်​က​လေး​တွေကိုမရိုင်းစိုင်း​စေချင်​ဘူးဆရာ။ အခု​တောင်​ကျွန်​မအထင်​​ပေါ့ အိမ်​ကက​လေးကို​ပြောမရလို့ကျွန်​မစီဖုန်းဆက်​တိုင်​မယ်​အလုပ်​မှာ သူဖုန်းနှိပ်​မိတာလို့ပဲကျွန်​မထင်​တယ်​။

အိမ်​​ရောက်​​တော့​မေးကြည့်​တာ သမီးကအိမ်​သာမသွားချင်​လို့​အခန်းထဲ​နေခဲ့တာဆရာမက ​မေ​မေ့ကို​ပြောမရရင်​တိုင်​မယ်​ဆ်ုပြီးဖုန်းကိုင်​ပြတယ်​တဲ့။ သမီးနဲ့အခြားသမီး​လေးတစ်​​ယောက်​ရဲ့စာအုပ်​ကိုလဲလွှင့်​ပစ်​တယ်​တဲ့စာ​ရေးတာမပီးလို့တဲ့ အမှန်​ခြစ်​တာ​တောင်​စာရွက်​ပြဲ​အောင်​ခြစ်​တယ်​။ သမီးတို့ကိုလဲ​အသား​တွေတုန်​ပြီး​အော်​ပြတယ်​တဲ့။ ဆရာရယ်​ အဲ့​ကျောင်းကသ​ပြေကုန်းထဲကပါပဲ (ချက်ဘောက်ထဲ ရောက်လာသမျှ ပြန်ကူးပြခြင်းပါပဲ။ ဘယ်သူမှ နစ်နာစေချင်ခြင်း မရှိပါ)

From Thekka Moe Nyo’s FB