မီ တာခ တလတလ၈သောင်း ၉သောင်းကျော်လောက်ကျတယ် မီတာခအများကြီးကျလို့ air conသုံးတာတွေလျော့ ရေခဲသေတ္တာညပိုင်းပဲဖွင့်သုံး မီးကိုမလိုအပ်တာကိုမသုံးပဲချွေတာနေလဲ ၈သောင်းကျော်ဆောင်နေရလို့ မသင်္ကာတာနဲ့ ပြီးခဲ့တဲ့လက မီတာမဆောင်ခင် မီတာရုံးသွားပြီး တာဝန်ကျနေတဲ့ အထက်လူကြီးကို ဝင်တိုင်လိုက်တယ် သူတို့ကလာစစ်ဆေးပေးမယ်လို့ပြောလိုက်တယ်
ကိုယ့် ဘာသာစစ်ရအောင်လည်း digitalမီတာပုံးက ဓါတ်တိုင်ပေါ်မှာ နောက်၃ရက်လောက်ကြာတော့ စစ်ဆေးရေးဝန်ထမ်းနဲ့ မီတာဖတ်တဲ့သူရောက်လာတယ် ဓါတ်တိုင်အောက်ရောက်တော့ ကိုယ့်မီတာစာရွက်က code noနဲ့ digital စက်နဲ့ဓာတ်တိုင်အောက်က လှမ်းဖတ်တယ် မီတာကိုဖတ်လိုက်တော့ ယူနစ်၂၀၀ကျော် ပိုကောက်ထားတာတွေ့ရတယ်
အဲ့ဒါနဲ့ဘာလို့အဲ့လိုဖြစ်ရတာလည်း ဘာကြောင့်ဖြစ်တာလဲ ကျွန်မတို့မသုံးပဲနဲ့တလတလ ယူနစ်၂၀၀ကျော်ဖိုးသက်သက်ဆောင်နေရတာလား
အဲ့လိုဆောင်နေရတာဘယ်လောက်တောင်ကြာနေပြီလဲ အထက်ကိုရောက်အောင်တိုင်မယ်လဲပြောလိုက်ရော
မီတာဖတ်တဲ့ဝန်ထမ်းက ကျွန်တော်ယူနစ်ကိုလာမဖတ်ပဲမှန်းပြီးရေးလိုက်တာတဲ့ မှန်းကောက်မိတာပါတဲ့ အဲ့လိုလုပ်လို့ရလား နင်တို့မီတာရုံးကအဲ့လိုလုပ်စားနေတာလား နင်အဲ့လိုမှန်းကောက်နေတာဘယ်လောက်ကြာပြီလည်းမေးတော့ဘာမှပြန်မပြောဘူး
ငါဘူမသိကိုးမသိနဲ့ အဲ့လိုဆောင်နေရတာ ဘယ်လောက်ကြာနေပြီလဲဆိုပြီး စိတ်တိုတိုနဲ့အော်ငေါက်လည်းပြောလိုက်ရော ပါလာတဲ့လူကြီးကသူအဆင်ပြေအောင်လုပ်ပေးပါမယ်တဲ့ ခုတော့ ၈သောင်းကျော်ဆောင်ထားလိုက်ပါတဲ့ နောက်လကျရင် ပိုကောက်ထားတဲ့ ယူနစ်၂၀၀ကျော်ကို ၁၂၅ကျပ်နဲ့ပြန်တွက်ပြီးလျော့ကောက်ပေးပါ့မယ်လို့ပြောတယ်
မီတာရုံးကဝန်ထမ်းတွေ တလတလ မီတာလိုက်မဖတ်ပဲ အဲ့လိုရမ်းကောက်နေကြတာလား?
ဒီလမီတာစာရွက်ရောက်တော့ မီတာခက ၅၃၅ကျပ်တဲ့
၁ယူနစ်ပဲသုံးထားတယ်တဲ့
ဝန်ဆောင်ခက၅ဝဝကျပ်တဲ့
ငါတို့တိုင်းပြည်ကြီးမှာ ဌာနဆိုင်ရာတွေက သူတို့လုပ်ချင်တာလုပ်လွိုရတယ်ဆိုတဲ့သဘောလား?
တတ်လဲတတ်နိုင်တဲ့ဟာတွေ
နေပြည်တော်ထိတက်တိုင်ချင်တာ ငွေကုန်လူပန်း စောက်အလုပ်တွေရှုပ်မှာစိုးလို့ စိတ်ကိုလျော့လိုက်ရတယ်
ဒီpostကိုတင်ချင်နေတာ ဒီလမီတာစာရွက်ရောက်အောင် ၁လနီးပါးသည်း ခံစောင့်နေရလို့ခုမှတင်ရတယ်
အဲ့လိုလိမ်စားချင်လို့ digitalမီတာပုံးကို ဓာတ်တိုင်ပေါ်တင်ထားတာနေမယ်
သတိသာထားပေတော့
ခရက်ဒစ် Ni Ni Khaing fb