တနင်္ဂနွေသားသမီး
ဒီလိုအချိန်တွေမှာ ရာထူးတိုးတာတွေ လုပ်ငန်းအရှိန်အဟုန် ပိုမြင့်လာတာမျိုးတွေကြုံရပါလိမ့်မည် ကောင်းကံရဲ့အကျိုးပေးကြီးကို ပြည့်ပြည့်ဝဝ ခံစားရပါလိမ့်မည် စက်ပစ္စည်းအဟောင်းတွေ အဝင်မခံပါနှင့် အကယ်၍ အဝင်ခံခဲ့ပါက အိမ်တွင်းရေးအဆင်မပြေမူတွေ ကြုံရတတ်ပါသည် ကျန်းမာရေးတွင် ဒူးအဆစ်အမြစ်တွေ ညောင်းညာနေပါလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင် တွေ့လျှင်လွမ်းနောက်ကွယ်ရောက်လျှင်မေ့နေတတ်သော ချစ်သူ၏ စကားတွေ အပေါ်မယုံသော်လည်း ချစ်ခြင်းမေတ္တာကြောင့် လက်ခံယုံကြည်ပေးနေရပါလိမ့်မည်
ထီ၁၉ပါသောထီထိုးပါ
ယတြာ ရဟန်းတစ်ပါးအားအနေကထိုင်လှူ ပေးပါ
တနင်္လာသားသမီး
အမွေအနှစ်များ ရရှိတတ်သလို တန်ဖိုးရှိသော ကျောက်မျက်ရတနာများ ရရှိတတ်ပါသည် နေအိမ်တွင် ပျားစွဲတာ ဌက်အသိုက်လာလုပ်တာမျိုးတွေ ကြုံရတတ်ပါသည် အကယ်၍ ထိုသို့ကြုံရပါက ထိုအောက်ခြေတွင် ရွှေရည်ငွေရည် မကြာခဏလောင်း၍ ရွှေပျားငွေပျားများ အခုလိုလာရောက်တာ ကြိုဆိုပါတယ်ဟုပြောပေးပါ မကြာခဏလုပ်ပါ ထူးခြားစွာ ထီဆုကြီးများ ထပေါက်ပါလိမ့်မည် ကျန်းမာရေးတွင် ဇက်ကြောများလေးလံ၍ မလှုပ်ချင်မကိုင်ချင်ဖြစ်နေပါလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင် အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိ ဆိုသလို ရည်းစားကိုယ်စီ ရှိကြပေမယ့်အနေနီးသော လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအပေါ် သံယောဇဉ်ပိုနေမိမည်
ထီ၃၉ပါသောထီထိုးပါ
ယတြာ ဘုန်းကြီးကျောင်းတွင်ဆွမ်းဟင်းခွက်ဗူးလေးတွေလှူ ပေးပါ
အင်္ဂါသားသမီး
ခရီးဝေး ထွက်ရတတ်သော ကာလပါ မီးရထားခရီးတွေ အထူးရှောင်ပါ ထူးထူးခြားခြား အိပ်မက်များ မြင်မက်ပါလိမ့်မည် မရောက်ဘူးသေးသော ဒေသများကိုလည်း ရောက်ရှိပါမည် ထူးခြားသော အဆောင် ကျောက်လေးများ လည်းဝင်လာပါလိမ့်မည် ကျန်းမာရေးတွင် မျက်ရိုးများကိုက်၍ မျက်စိမှုန်လာတတ်ပါသည် ငယ်ရွယ်သူများ အချစ်ရေးတွင် အလွန်ကံကောင်းနေပါမည် စန်းလည်းအလွန်ပွင့်နေပါလိမ့်မည်
ထီ ၁၈ပါသောထီထိုးပါ
ယတြာ တနင်္လာထောင့်တွင်ဂန္ဓမာပန်း၂ပွင့်လှူ ဒါန်းပေးပါ
ဗုဒ္ဓဟူးသားသမီး
အစည်းအဝေးတွေ မကြာခဏ တက်နေရတတ်ပါသည် ငွေမရဘဲ လူမုန်းခံရသော အလုပ်တွေ လုပ်နေမိတတ်ပါသည် ငယ်ပေါင်း မိတ်ဆွေများနှင့် ပြန်လည်တွေ့ဆုံခွင့် ရရှိပါမည် သားသမီးဆွေမျိုး ကျန်းမာရေးချူချာမူကြောင့် ငွေအကုန်အကျ များနေပါလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင် အနေဝေးပေမယ့် ပို၍ပို၍လွမ်းနေရမည် တမ်းတသတိရနေရမည်
ထီ ၁၄ပါသော ထီထိုးပါ
ယတြာ ရာဟုထောင့်နှင့်စနေထောင့်တွင်ရေသက်စေ့လောင်းလှူ ပါသန့်ရှင်းရေးပြုလုပ်ပါ
ကြာသာပတေးသားသမီး
အိမ်ထောင်ရေးကိစ္စမှာ ငွေကြေးအဆင်မပြေမူကြောင့် စိတ်မချမ်းမသာ ဖြစ်နေရမည် တန်ဖိုးမရှိသော ကျောက်တွေ အဝင်မခံသင့်သော ကာလပါ လာဘ်ပိတ်တတ်ပါသည် အနက်ရောင် အသုံးအဆောင် အဝတ်အစားတွေ ရှောင်ပါ အစိမ်းရောင် အသုံးအဆောင်တွေ များများသုံးပေးခြင်းဖြင့် ကံကောင်းမူများ ကြုံရပါလိမ့်မည် ကျန်းမာရေးတွင် အစားမှားပြီး ဝမ်းကိုက်တတ်ပါသည် ငယ်ရွယ်သူများ အချစ်ရေးတွင် ချစ်ရသူထံမှ အကြားချင်ဆုံး စကားကြားရပါလိမ့်မည်
ထီ၁၆ပါသောထီထိုးပါ
ယတြာ တနင်္လာညနေတွင်နေအိမ်ရှိခွက်အဟောင်းအကွဲတွေစွန့်ထုတ်လိုက်ပါ
သောကြာသားသမီး
အောင်မြင်မူတွေ ထူးထူးခြားခြား ရရှိပါလိမ့်မည် ပေးဆပ်မူတွေအတွက် ရလာဘ်ကောင်းတွေပြန်လည်ရရှိလာပါလိမ့်မည် ဒီလိုကာလတွေမှာ အနိမ့်ဆုံးအနေအထားကို ရောက်နေသူတောင် ရုတ်တရက်ကြီး အမြင့်ဆုံးနေရာတစ်ခုကို ရောက်ရှိသွားတတ်ပါတယ် ကျန်းမာရေးတွင် ဝမ်းချူပ်ခံရာကနေ ခေါင်းထိုးသွေးတိုးတတ်ပါသည် ငယ်ရွယ်သူများ အချစ်ရေးတွင် ကွယ်ရင်မေ့ တွေ့ရင်လွမ်းပြတတ်သော ချစ်သူအပေါ် အယုံကြီးယုံကြည်နေလိမ့်မည်
ထီ၉၃ပါသောထီထိုးပါ
ယတြာ မိမိမွေးနံထောင့်တွင် ထီးဖြူတစ်လက်နှင့်သပြေ၉ညွှန့်လှူ ပေးပါ
စနေသားသမီး
မိမိရဲ့ဆုံးဖြတ်ချက်တွေ တွေဝေမနေသင့်ဘဲ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ရမယ့် ကာလပါ မိမိအတွက် ဘဝအောင်မြင်နိုင်မယ့် အခွင့်အလန်းကောင်းတွေ ရောက်ရှိလာပါလိမ့်မည် ရေလမ်းခရီး အန္တရယ်ရှိတတ်ပါတယ် ရေအပျော်ကူးတာမျိုးလည်း ရှောင်သင့်ပါတယ် မိမိရဲ့ အိမ်အနီးအနားတွင် မီးလန့်တတ်ပါသည် ကျန်းမာရေးတွင် ခါးနာဝေဒနာ ခံစားရတတ်ပါသည် ငယ်ရွယ်သူများ အချစ်ရေးတွင် ချစ်ခြင်းရဲ့အစ မျက်လုံးအကြည့်ချင်း ကစတင်နေပါပြီ
ထီ၉၄ပါသောထီထိုးပါ
ယတြာ ပန်းအဖြူ၅ပွင့်ဘုရားလှူ ပေးပါ
ကျော်ဘိုဘိုဟိန်း