ဒီနေ့ မနက် ဂျပန်မှာ နာမည်ကြီးလာတဲ့ မြန်မာအချင်းချင်း သတ်ဖြတ်မူ လား !!!!! ဂျပန်ရဲတပ်ဖွဲ့က မြို့လူထုကို မလိုအပ်ပဲ အိမ်ပြင်မထွက်ဖို့နဲ့ လူသတ်တယ်ယူဆတဲ့ မြန်မာအမျိုးသား ကဓါးကိုင်ထွက်ပြေးနေတယ် ယူဆ !! ဂျပန်သတင်းတွေမှာ တက်လာပါပြီ မြန်မာချင်းလူသတ်မူဟုယူဆရတဲ့သတင်းတွေ Mieစီရင်စု Yokkaichi မြို့မှာ မြန်မာလူမျိုး အမျိုးသားတစ်ယောက် သေဆုံး လုပ်ဖော်ကိုင်ဖက် မြန်မာအမျိုးသားက သတ်ဖြတ်တယ် ယူဆ

ယနေ့ ၁၇ရက်နေ့၂လပိုင်း၂၀၂၀ မနက်၇နာရီခွဲလောက်မှာ Mie စီရင်စု Yokkaichi မြို့ Higashi Tomita-cho က company အဆောင်မှာ မြန်မာအချင်းချင်း ရန်ဖြစ်ပြီး ဓါးနဲ့ထိုးသတ်ပုံရတယ်လို့ သတင်းရရှိလာပါတယ် ဂျပန်ရဲတပ်ဖွဲ့ က သတင်းရတာနဲ့ သွားရောက်ခဲ့ပြီး အဆောင်ကို ရောက်ရှိတဲ့အခါ မြန်မာလူမျိုး companyဝန်ထမ်း အမျိုးသားက သေဆုံးနေတာကိုတွေ့ရှိခဲ့ရပါတယ် နောက်ကျောမှာ ဓါးနဲ့ အကြိမ်များစွာ ထိုးထားတာကို တွေ့ရှိခဲ့ရပါတယ်

ဂျပန် ရဲတပ်ဖွဲ့က လူသတ်မူဖြစ်စဉ်အနေနဲ့ စုံစမ်းစစ်ဆေးမူတွေ စတင်နေပါပြီ အတူနေ တခြား မြန်မာအမျိုးသားကိုလည်း မတွေ့ရှိတော့တာကြောင့် လူသတ်မူဖြစ်စဉ်မှာပါဝင်ပတ်သတ်ခဲ့ပြီး ထွက်ပြေးနေတယ်လို့ယူဆရပါတယ် ထွက်ပြေး ပျောက်ဆုံးနေတဲ့ မြန်မာအမျိုးသားက ဓါးကိုင်ပြီး ထွက်ပြေးသွားတယ်လို့ ယူဆတာကြောင့် ဂျပန်ရဲတပ်ဖွဲ့က မြို့လူထုကို အပြင်မထွက်ကြဖို့ နဲ့ မြန်မာအမျိုးသားလက်မှာ ဓါးကိုင်ထားနိုင်တယ်လို့ သတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ် ရာဇဝတ်မူတွေ ဖြစ်လာရင်တော့ နောက်ပိုင်း ဗီဇာ ကိစ္စ ပိုတင်းကျပ်လာတော့မှာပါ

Zwe Man Soe FB