အောင်ထွန်းလေး ကို ပရိသတ်ကြီးတို့ ကြားဖူးကြလားမသိ….သူဟာ ဟိုးတစ်ချိန်က နာမည်ကျော် ဇာတ်ကားတစ်ကားဖြစ်တဲ့ “အဖေတစ်ခု သားတစ်ခု” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်.. အဲဒီဇာတ်ကားဟာ အဖေဖြစ်သူနဲ့ သား တို့ကြားက မေတ္တာသံယောဇဉ်ချစ်ခြင်းတရားတွေကို ပုံဖော်ရိုက်ကူးထားတဲ့ နာမည်ကျော်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်….

အဲဒီဇာတ်ကားထဲမှာ အောင်ထွန်းလေးဟာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ…ကလေးဖြစ်ပေမဲ့ ပိုင်နိုင်စွာ သရုပ်ဆောင်ကောင်းတာကြောင့် အောင်ထွန်းလေးဟာ အဲဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံး ကလေးသရုပ်ဆောင် အကယ်ဒမီဆုကို ပိုင်ဆိုင်ခဲ့ပါတယ်…

အဲဒီနောက်မှာတော့ အောင်ထွန်းလေးဟာ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီးတော့ “သတ္တိခဲလေးများ”… “လိုရာဆန္ဒပြည့်ပါစေ” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ လူသိများတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်..

ခုချိန်မှာတော့ အောင်ထွန်းလေးဟာ အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ ဦးအောင်ထွန်းလေး ဖြစ်လို့ နေပါပြီ….အနုပညာလုပ်ငန်းတွေလည်း လုပ်ကိုင်ခြင်းမရှိတော့တဲ့ အပြင် ရန်ကုန်မြို့၊ တာမွေမှာ ဝပ်ရှော့ဖွင့်ပြီး ဝပ်ရှော့ဆရာတစ်ယောက်အဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်…

ကားဝပ်ရှော့လောကမှာလည်း အကယ်ဒမီ အောင်ထွန်းလေးဟာ နာမည်ကြီးဝပ်ရှော့ ဆရာတစ်ယောက် အဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်….
တချိန်က အောင်မြင်ခဲ့တဲ့ နာမည်ကျော်သရုပ်ဆောင် အောင်ထွန်းလေးရဲ့ အမှတ်တရလွမ်းမောဖွယ်ရာ ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်ကြီးတို့ ပြန်လည်အမှတ်ရအောင် မျှဝေပေးလိုက်ရပါတယ်နော်..

Writer – HW (Shwe Yaung Lan)