ပ ရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကို Wild Card Winner အဖြစ်ပြန်လည်ရောက်ရှိလာခဲ့တဲ့ တန်ခွန်ကျော်ကတော့ အခုဆိုရင်ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ချိန်မှာ ကိုယ်ပိုင်ဂီတခရီးလမ်းကိုလျှောက်လှမ်းနေပြီဖြစ်ပါတယ်။ပင်ကိုယ်အသံကာလာအေးအေးလေးနဲ့ သီချင်းတွေကိုအမှားအယွင်းနည်းစွာ သီဆိုနိုင်သူဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တန်ခွန်ကျော်ကတော့ မကြာသေးခင်ကရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Fan Meeting မှာလည်း မထင်မှတ်ထားလောက်အောင်ပရိသတ်တွေပေးအပ်ခဲ့တဲ့ ကားတစ်စီးကိုလည်းရရှိခဲ့ပါသေးတယ်။တန်ခွန်ကျော်လိုင်းကားတိုးစီးတာကို မမြင်ချင်တဲ့ပရိသတ်တွေကတော့ (၃၈၅)သိန်းတန်ကားတစ်စီးကို တန်ခွန်ကျော်အတွက်ဝယ်ပေးခဲ့တာဖြစ်ပြီး ပရိသတ်အင်အားများတဲ့တန်ခွန်ကျော်ကတော့ ဒီနေ့မှာလည်းမန္တလေးပရိသတ်တွေနဲ့အတူ ရေထွက်မစိုးရိမ်မိဘမဲ့ကျောင်းမှာ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။သူကတော့ သူ့ရဲ့အလှူလေးနဲ့ပတ်သက်ပြီးတော့လည်း “ရေထွက်မစိုးရိမ်မိဘမဲ့ကလေးကျောင်းမှာပါ.. ဒီပုံကိုမြင်တဲ့လူတိုင်း သွားရောက်လှူဒါန်းစေနိုင်ဖို့ ရည်ရွယ်ပါတယ်ဗျ… ကိုယ်တိုင်လည်းမိဘမဲ့ဘဝနဲ့ ဖြတ်သန်းလာရတော့ ဒီလိုနေရာမျိုးတွေမှာ နောက်ထပ်လည်း တတ်နိုင်သလောက်လှူနေဦးမှာပါဗျ.. ဘာသာတရားမကြည့်ဘဲ ပရဟိတစိတ်ဖြင့်လှူဒါန်းခဲ့ပါသည်.. ကျေးဇူးတင်ပါတယ်” ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ်။

တန်ခွန်ကျော်ကတော့ လက်ရှိမြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေထဲမှာ ပရိသတ်ပံ့ပိုးမှုအားအများဆုံးရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လို့ဆိုရမှာပါ။ဒီနေ့မှာတော့ ပရိသတ်တွေနဲ့အတူတကွအလှူလေးပြုလုပ်ခဲ့ပြီး သူ့ပုံလေးကိုမြင်ပြီး အခြားသူတွေပါသွားရောက်လှူဒါန်းနိုင်စေရန် ရည်ရွယ်ပြီးတော့ မျှဝေခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source – TAN KHUN KYAW
Rainbow- Cele Gabar