ဂ် ပန္နိုင္ငံ၊ တိုက်ိဳၿမိဳ႕အနီး ယိုကိုဟားမားဆိပ္ကမ္းမွာ သီးျခားခြဲၿပီး ဆိုက္ကပ္ထားတဲ့ Diamond Princess အေပ်ာ္စီးသေဘၤာေပၚမွာ ပါရွိသူ အေမရိကန္နိုင္ငံသား ၄၀၀ အနက္ အေယာက္ ၄၀ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံရပါတယ္။ အဲဒီေရာဂါ ကူးစက္ခံရသူေတြအေနနဲ႔ အေမရိကန္ကိုျပန္ဖို႔ သူတို႔ကို လာေရာက္ေခၚယူတဲ့ ေလယာဥ္ပ်ံေတြနဲ႔ မလိုက္ပါနိုင္ဘဲ ဂ်ပန္နိုင္ငံက ေဆး႐ုံေတြမွာ ကုသမႈ ဆက္လက္ခံယူသြားရမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္ေတာ့ အေမရိကန္အစိုးရက အေပ်ာ္စီးသေဘၤာေပၚက အေမရိကန္နိုင္ငံသားေတြကို ေလယာဥ္ႏွစ္စင္းလႊတ္ၿပီး ျပန္လည္ေခၚေဆာင္ဖို႔ စီစဥ္ထားပါတယ္။ တနဂၤေႏြေန႔ညေနပိုင္း ရရွိတဲ့ ရိုက္တာသတင္းအရ အခုအခါ အေမရိကန္နိုင္ငံသားေတြသေဘၤာေပၚက ဆင္းသြားၿပီလို႔ ဆိုပါတယ္။

ႏွာေခါင္းစည္းေတြ ဝတ္ဆင္ထားသူ အေမရိကန္ ခရီးသည္ေတြက သေဘၤာအနီး ဘတ္စ္ကားေတြေပၚကေန လက္ျပႏႈတ္ဆက္ေနတာကို ျမင္ၾကရတယ္လို႔လည္း ဆိုပါတယ္။ အေမရိကန္နိုင္ငံက ကူးစက္ေရာဂါနဲ႔ ဓာတ္မတည့္ေရာဂါမ်ားဆိုင္ရာ အမ်ိဳးသားအင္စတီက်ဳ (NIAID) က ေဒါက္တာ Antony Fauci က ေရာဂါလကၡဏာရွိသူ အေမရိကန္ေတြအေနနဲ႔ ကယ္ဆယ္ေရး ေလယာဥ္ပ်ံေတြနဲ႔ အတူ လိုက္နိုင္ဦးမွာ မဟုတ္ေၾကာင္း၊ သူတို႔ ဂ်ပန္ေဆး႐ုံေတြမွာ ကုသမႈ ခံယူရမွာမို႔ ဘယ္ကိုမွ သြားနိုင္မွာမဟုတ္ေၾကာင္း၊

က်န္ခရီးသည္ေတြကိုေတာ့ အေမရိကန္ ျပည္ေထာင္စုမွာရွိတဲ့ ေလတပ္အေျခစိုက္စခန္းေတြဆီကို အခ်ိန္မဆိုင္းဘဲ ေခၚေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ Diamond Princess အေပ်ာ္စီးသေဘၤာ ဂ်ပန္ကိုမေရာက္ခင္ ေဟာင္ေကာင္မွာ ဆင္းေနခဲ့တဲ့ အမ်ိဳးသား ခရီးသည္တဦးမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတာတာကို ေတြ႕ခဲ့ၿပီးတဲ့ေနာက္ ယိုကိုဟားမားဆိပ္ကမ္းမွာ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ကတည္းက သီးျခား ဆိုက္ကပ္ေစၿပီး ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။

သေဘၤာေပၚပါ ခရီးသည္ေတြ သူတို႔ရဲ့နိုင္ငံေတြဆီကို ျပန္ေရာက္ရင္လည္း ေနာက္ထပ္ ၂ ပတ္ သီးျခားခြဲ ေစာင့္ၾကည့္ဦးမွာျဖစ္တယ္လို႔ အေမရိကန္၊ ေဟာင္ေကာင္နဲ႔ ကေနဒါက ေျပာထားပါတယ္။

VOA Burmese News

Unicode

ဂျပန်ရောက် အပျော်စီးသင်္ဘောပေါ်က အမေရိကန် ၄၀ ကိုရိုနာဗိုင်းရပ်စ် ကူးစက်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီး ယိုကိုဟားမားဆိပ်ကမ်းမှာ သီးခြားခွဲပြီး ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ပါရှိသူ အမေရိကန်နိုင်ငံသား ၄၀၀ အနက် အယောက် ၄၀ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရပါတယ်။ အဲဒီရောဂါ ကူးစက်ခံရသူတွေအနေနဲ့ အမေရိကန်ကိုပြန်ဖို့ သူတို့ကို လာရောက်ခေါ်ယူတဲ့ လေယာဉ်ပျံတွေနဲ့ မလိုက်ပါနိုင်ဘဲ ဂျပန်နိုင်ငံက ဆေးရုံတွေမှာ ကုသမှု ဆက်လက်ခံယူသွားရမှာ ဖြစ်ပါတယ်။

လောလောဆယ်တော့ အမေရိကန်အစိုးရက အပျော်စီးသင်္ဘောပေါ်က အမေရိကန်နိုင်ငံသားတွေကို လေယာဉ်နှစ်စင်းလွှတ်ပြီး ပြန်လည်ခေါ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်း ရရှိတဲ့ ရိုက်တာသတင်းအရ အခုအခါ အမေရိကန်နိုင်ငံသားတွေသင်္ဘောပေါ်က ဆင်းသွားပြီလို့ ဆိုပါတယ်။

နှာခေါင်းစည်းတွေ ဝတ်ဆင်ထားသူ အမေရိကန် ခရီးသည်တွေက သင်္ဘောအနီး ဘတ်စ်ကားတွေပေါ်ကနေ လက်ပြနှုတ်ဆက်နေတာကို မြင်ကြရတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်နိုင်ငံက ကူးစက်ရောဂါနဲ့ ဓာတ်မတည့်ရောဂါများဆိုင်ရာ အမျိုးသားအင်စတီကျု (NIAID) က ဒေါက်တာ Antony Fauci က ရောဂါလက္ခဏာရှိသူ အမေရိကန်တွေအနေနဲ့ ကယ်ဆယ်ရေး လေယာဉ်ပျံတွေနဲ့ အတူ လိုက်နိုင်ဦးမှာ မဟုတ်ကြောင်း၊ သူတို့ ဂျပန်ဆေးရုံတွေမှာ ကုသမှု ခံယူရမှာမို့ ဘယ်ကိုမှ သွားနိုင်မှာမဟုတ်ကြောင်း၊

ကျန်ခရီးသည်တွေကိုတော့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတွေဆီကို အချိန်မဆိုင်းဘဲ ခေါ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ Diamond Princess အပျော်စီးသင်္ဘော ဂျပန်ကိုမရောက်ခင် ဟောင်ကောင်မှာ ဆင်းနေခဲ့တဲ့ အမျိုးသား ခရီးသည်တဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာတာကို တွေ့ခဲ့ပြီးတဲ့နောက် ယိုကိုဟားမားဆိပ်ကမ်းမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက သီးခြား ဆိုက်ကပ်စေပြီး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

သင်္ဘောပေါ်ပါ ခရီးသည်တွေ သူတို့ရဲ့နိုင်ငံတွေဆီကို ပြန်ရောက်ရင်လည်း နောက်ထပ် ၂ ပတ် သီးခြားခွဲ စောင့်ကြည့်ဦးမှာဖြစ်တယ်လို့ အမေရိကန်၊ ဟောင်ကောင်နဲ့ ကနေဒါက ပြောထားပါတယ်။

VOA Burmese News