အနု ပညာရှင်တွေက ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ရတာမို့ ဘဝထဲက ဘဝတွေကို တော်တော်များများ တီးမိခေါက်မိ ရှိကြပါတယ်။ ကျင်လည်ရာ အနုပညာလောကမှာ နေထိုင်ရင်း အောင်မြင်မှု တစ်ခု ရဖို့ မနည်း ရုန်းကန်ရသလို လမ်းပျောက်ဖို့လည်း လွယ်ကူပါတယ်။ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့တဲ့ အချိန်တွေအကြောင်းကို ထုတ်ဖော်ပြောကြားလိုက်သူကတော့ မင်းသမီးချောလေး ယုသန္တာတင် ဖြစ်ပါတယ်။

ယုသန္တာတင်က ရုပ်ရှင်ကားများစွာကို လက်ခံရိုက်ကူးထားပြီး လက်ရှိအချိန်မှာတော့ တစ်ကိုယ်တော် ခရီးတွေထွက်ကာ ဘာသာရေးဘက်ကို အလေးပေးနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ single ပဲမို့ ပုရိသတွေရဲ့ အားပေးချစ်ခင်မှု ရရှိထားပြီး အောင်မြင်နေဆဲ ယုသန္တာတင်က ဘုရားတရားကြောင့် လမ်းမှန်ပေါ် လျှောက်ခဲ့နိုင်ကြောင်း ခုလို ရင်ဖွင့်ပြောပြလိုက်ပါတယ်။

“မိတ်ဆွေ ဘဝ မှာ အမြဲ အောင်မြင် ပျော်ရွှင် ဖူးသလို လဲကျတဲ့ အခါ မျိုးတွေ လဲ ရှိခဲ့ ဖူးပါတယ်။အဲ့လိုအချိန်မျိုးက ကိုယ့်နားမှာ ဆွဲထူ ကူပေးတတ်ကြ သူတွေ နဲ့ တွန်းကန်ချ သူတွေ ရဲ့ လူတွေရဲ့ ဟန်ဆောင်မျက်နှာ ဖုံး နဲ့ စိတ်ရင်း မှန်တွေကိုလဲ သိရတတ်တယ်။ မခံချင်စိတိနဲ့ ပြန်လည် ရုန်းကန် ထဖူးသလို တခါတ လေ အားလုံးနဲ့ ဝေးရာကို ကိုယ်လွတ် ရုန်း သွားချင်တဲ့ အခါ မျိုးတွေ လဲ ရှိတယ်။ ကိုယ့်ကိုယ် ကိုမေးကြည့်တယ် fly or fight ဘာ ရွေးမလဲပေါ့! အဖြေ ဘယ်တော့မှ မရေ ရာ ခဲ့ဖူး။”

“ စမ်းတဝါး ဝါးနဲ့လဲ အကြာကြီးလမ်းပျောက်ဖူးတာပဲ။ နောက်ဆုံးတော့ ကိုယ့်ယုံကြည်ရာ ဘာသာရေး က ပဲ ကိုယ့်စိတ် ကို အထောက်ပံ့ ပေးပါတယ်။ စိတ်တည်ငြိမ်လာတယ်။ အမှန်ကို ဆုံးဖြတ် တတ်လာတယ်။ကယောင်ကတမ်း နဲ့အမှားတွေ အများကြီး မလုပ်မိတော့ဘူး။ နောက်ဆုံးလမ်းမှန် ပြန်ရောက်လာတယ်”“မိတ်ဆွေ တို့ရော အဲ့လိုအချိန်မျိုး ကြုံဘူးလား ဘယ်လိုရင်ဆိုင် ဖြေရှင်းလဲ

လဲကျတာ ရှက်စရာ မဟုတ်ပါဘူး။ ပြန်မထ နိုင်တာလဲ ရှက်စရာမဟုတ်ပါဘူး။ လဲကျ ရင်ကြိုးစားပီး ပြန်ထ နိုင်ရမယ်လေ။ လောကကြီးအမြဲ တလှညိ့စီ လည်နေပါတယ် ဆိုးတဲ့အချိန် ရောက်နေရင် ကောင်းတဲ့အချိန် အတွက် ပြန်စောင့် ရမယ်လေ စိတိကောင်းလေး ထားရင်းနဲ့ပေါ့” ဆိုပြီး ခံစားချက်ကို ရင်ဖွင့်ရေးသားလိုက်တာ ဖြစ်ပါတယ်။အောင်မြင်မှုနောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြချိန်မှာ အနုပညာရှင်တိုင်းက ဘာသာရေးကို လိုက်စားသလို အလှူရေစက် လက်နဲ့မကွာ ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။

Credit ပြောချင်လွန်းလို့