မေမြင့် မိုရ် ဟာဆိုရင်ဖြင့် ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ” ပန်းနုသွေး” အနေနဲ့ ပရိသတ်တွေစတင်အားပေးခံခဲ့ရသူလေးပါ။ Star Awards ( 2018 ) Rising Star ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့အရိပ်ဇာတ်လမ်းတွဲမှာလည်း စုစုလှိုင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကား မှာလည်း ” အစော” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးတစ်ယောက်လို့ဆိုရမှာပါ။အခုဆိုရင် မေမြင့်မိုရ်ဟာ ဇာတ်လမ်းတွဲတွေဘက်သာမက ရုပ်ရှင်ကားကြီးတွေကိုပါရိုက်ကူးကာ အောင်မြင်မှုလမ်းကြောင်းပေါ် အချိန်တိုတို နဲ့ရောက်ရှိလာသူလေးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင်

အေ ကာင်းဆုံး ပီပြင်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ မေမြင့်မိုရ်လေးကတော့ အခုချိန်ထိ တစ်ယောက်တည်း Single ဘဝနဲ့ အေးအေးဆေးဆေးဖြတ်သန်းနေသူလေး ဖြစ်ပါတယ်။သူမအနေနဲ့အချစ်ရေးကိုစိတ်မဝင်စားသေဘဲ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ မေလေးကတော့ ဒီနေ့မှာ အနုပညာရှင်မောင်နှမတွေနဲ့အတူ မင်္ဂလာပွဲတစ်ခုမှာသတို့သမီးအရံပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ “ ဒီနေ့ကတော့ သတို့သမီးအရံလေးလုပ်ခဲ့တယ်…

ကိုယ့်အ လှည့်တော့ဘယ်တော့လဲမသိဘူးကွယ် ” ဆိုတဲ့ စာသားလေးနဲ့အတူ မင်္ဂလာဆောင်အမှတ်တရပုံရိပ်တွေကို ဝေမျှခဲ့တာတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မေလေးရဲ့ ပုံရိပ်လေးတွေကို သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : May Myint Mo
Credit –Cele Connections