ထို င်းနိုင်ငံ၊ ဘန်ေ ကာက်မြို့လယ်ခေါင်မှာ ဒီစနေနေ့မနက်အစောပိုင်းက သေနတ်ကိုင်ပြီး အချက် ၅၀ ကျော် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ဒီလိုပစ်ခတ်ခဲ့တဲ့အမျိုးသားကတော့ Ekachai Charuksilp(၄၄ နှစ်)ဖြစ်ပြီး ၄င်းကို ဒေသခံတွေအား ကြောက်လန့်စေမှု၊ လူသတ်ရန် ကြိုးစားမှုအပြင် နောက်ထပ်စွဲချက်တွေဖြစ်တဲ့ ခွင့်ပြုချက်မရှိဘဲ လူမြင်ကွင်းမှာ သေနတ်ကိုင်ဆောင်မှု၊ အများပြည်သူရှိရာနေရာမှာ သေနတ်ပစ်ခတ်မှု၊ မှုးယစ်ဆေးသုံးစွဲမှုတို့နဲ့ ဘန်ကောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ chiangriaitimes.com မှာဖော်ပြချက်အရ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြည်တွင်းထုတ်အားကစားဝတ်စုံတွေရောင်းချရာဈေးကွက်ဖြစ်တဲ့ Chulalongkorn တက္ကသိုလ်အနီး Chula Soi 10 မှာ မနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပစ်ခတ်ချိန်ဟာ ၁ နာရီနီးပါးကြာခဲ့တယ်လို့ Thai PBS သတင်းဌာနက ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာကို အလျင်အမြန်သွားရောက်စီးနင်းပြီး အနီးအနားကဒေသခံတွေကို အိမ်ပြင်မထွက်ကြဖို့ ပြောဆိုခဲ့ပါတယ်။ရဲအရာရှိတစ်ဦးက ယင်းသေနတ်သမားကို ထိခိုက်ဒဏ်ရာမရခင် လက်နက်ချအညံ့ခံဖို့ ပြောဆို စည်းရုံးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ယင်းသေနတ်သမားက ၄င်းဟာ မိသားစုဆိုင်ရာနဲ့ လုပ်ငန်းဆိုင်ရာမှာ ဖိအားတွေခံစားနေရကြောင်း ဘန်ကောက်ရဲတပ်ဖွဲ့မှာ ထွက်ဆိုခဲ့ပါတယ်။

ဒီမတော်တဆမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်အားလပ်ရက်က Korat မြို့အရှေ့နောက်ပိုင်းမှာ ထိုင်းစစ်သား တစ်ဦးရဲ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထွက်ပေါ်လာတဲ့နောက်ထပ်ပစ်ခတ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

Credit-BurmeseOnlineNews