အ လွမ်းအဆွေးသီချင်းတွေနဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်းကို ရရှိထားတဲ့ပိုပိုကတော့ ဂီတခရီးလမ်းကို ချစ်ဖူးခဲ့သမျှတေးစီးရီးလေးနဲ့စတင်ဝင်ရောက်ခဲ့သူပါ။သူ့ရဲ့ဂီတသက်တမ်းတလျှောက်မှာ ပထမဆုံးအကြိမ်အနေနဲ့လည်း တစ်ကိုယ်တော်ရှိုးပွဲကြီးကို ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ မန္တလေးမြို့ Yadanarpon Event Park မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပိုပိုကတော့ အချစ်ရေးမှာကံကောင်းခဲ့သူတစ်ယောက်မဟုတ်တဲ့အပြင် လက်ရှိအချိန်ထိလည်းသူ့ရဲ့အချစ်ရေးကို ပရိသတ်ကိုချပြထားခြင်းမရှိသေးပါဘူး။မကြာသေးခင်က ကျရောက်ခဲ့တဲ့ချစ်သူများနေ့လေးမှာတော့ ပရိသတ်တွေကိုအလင်းပြမလားလို့ စောင့်မျှော်ခဲ့ကြပေမယ့် ပိုပိုကတော့ “Happy Valentine’s Dayပါချစ်တို့ရေ… ပျော်ရွှင်ကြပါစေနော်.. ကိုယ်လည်း ချောကလက်မရလို့ ဘယ်သူ့ကိုမှလည်းမကျွေးတော့ဘူးနော်” လို့တင်ခဲ့တဲ့အပြင် အတွဲလေးနဲ့မြင်ချင်နေတဲ့ပရိသတ်တွေကိုလည်း “ကလေးလေးလို နေချင်သေးလို့ အိမ်ထောင်မပြုသေးတာဟုတ်ပြီလား … အိမ်ထောင်ပြုဖို့လာလာမပြောနဲ့ စမီးငယ်သေးတယ်” လို့အရွှန်းဖောက်ကာ ပြောကြားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ…

ပိုပိုကတော့ မကြာခင်မှာပြုလုပ်တော့မယ့် သူ့ရဲ့ပထမဆုံးဖျော်ဖြေပွဲကြီးမှာ အလန်းစားတင်ဆက်မှုတွေပြုလုပ်နိုင်ဖို့အတွက် ဖက်ရှင်ပိုင်းကအစ အစစအရာရာကြိုတင်ပြင်ဆင်နေတာဖြစ်ပါတယ်။ပရိသတ်တွေ ချစ်စနိုးနဲ့အပျိုကြီးလို့ စနောက်ခေါ်နေကြတဲ့ပိုပိုကတော့ ကလေးပဲရှိသေးတာမို့ အိမ်ထောင်မပြုချင်သေးပါဘူးတဲ့နော်။

Source – ဝတ်ရည်မိုး
Rainbow- Cele Gabar