မိန်း မမရှိတဲ့ အသက်(၃၃)နှစ်အရွယ် ဂျပန်လူပျိုကြီးတစ်ယောက်ဟာ တစ်ယောက်တည်း အာသာဖြေနေစဉ်မှာပဲ အသက်ရှုကျပ်ပြီး သေဆုံးခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။ သူ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိဘဲ၊ သူ သေဆုံးနေတာကို မိခင်ဖြစ်သူက တွေ့ခဲ့တာပါ။

သူ ဟာ အလုပ်ကနေ ပြန်လာတဲ့ ရုံးဝတ်ရုံးစားနဲ့ဖြစ်ပြီး၊ ရေအိမ်ထဲမှာ အောက်က ဘောင်းဘီကျွတ်လျှက် သေးဆုံးနေတာပါ။ မျက်နှာမှာ Gas မျက်နှာဖုံးလိုအရာမျိုး အဆန်းထွင် တပ်ထားပြီး၊ အဲဒီအပေါ်ကနေ ပလက်စတစ်အိတ်က ခေါင်းကို ခြုံပြီး စွပ်လျှက်သား ဖြစ်နေပါသတဲ့။

အစကတော့ သတင်းတွေမှာ သူဟာ မိမိကိုယ်ကို အဆုံးစီရင်တာလေးလားလို့ သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့်၊ မေလထုတ် Legal Magazine မှာ ဆေးပညာရှင်တွေ ဖော်ပြထားချက်မှာတော့ သတ်သေတာ မဖြစ်နိုင်ကြောင်း၊ သေဆုံးသူဟာ စိတ်ရောဂါ တစ်ခုခုဖြစ်နေတဲ့ မှတ်တမ်းမျိုး မတွေ့ရခြင်း-

သူ့ရဲ့ အခန်းထဲကို ဝင်ရောက်ရှာဖွေရှာမှာ အပြာစာပေ၊ ဇာတ်ကား၊ လိင်ဖြော်ဖြေရေးအရုပ်တွေ မြောက်များစွာဝယ်ထားခြင်းက လိင်ဘက်ကို အတော်လေး တိမ်းညွှတ်နေတဲ့ သဘောမျိုးမှာဖြစ်ပြီး၊ အခုအဖြစ်အပျက်မှာလည်း တစ်ယောက်တည်း အဆန်းထွင်ဇောနဲ့ အာသာဖြေရင်း သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

Trend 🔥 အကြီးဆုံးရန်ဘက် တရုတ်ဖြစ်နိုင်ကြောင်း ကန်ကာကွယ်ရေးဝန်ကြီး သတိပေးသေမှုသေခင်း စုံစမ်းရေး အရာရှိတွေကလည်း သေဆုံးသူဟာ အပြာဇာတ်ကားတွေ အကြည့်များပြီး၊ လိင်ဆက်ဆံဘက် တစ်စုံတစ်ယောက်ရဲ့ အခုလို ချည်နှောင်ခြင်း ခံခဲ့ရပုံရှိကြောင်း၊ တစ်ချို့က ဒီကိစ္စမှာ အားကြီးလွန်းတော့ Masochism လို့ခေါ်တဲ့ အနှိပ်စက်ခံရတဲ့ အရသာမျိုးနဲ့ လိင်ကိစ္စကို ရောထွေးပြုမူကြလေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။

နေသူရိန် (D Nae Khit)

D Nae Khit Media ၏ခွင့်ပြုချက်ဖြင့်ဖော်ပြသည်။