ပ ရိသတ်ကြီးရေ ကျော်ထက်အောင်ကတော့ အစီအစဉ်တင်ဆက်သူအနေနဲ့ အရွယ်စုံမိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံနေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာလည်းကျော်ထက်အောင်က အစီအစဉ်တင်ဆက်မှုတွေသာမက ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေပြီဖြစ်ပြီး

သူ ပါဝင်ထားတဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေက အထူးမှတ်ချက်ပေး နှစ်ခြိုက်ကြတာပဲ ဖြစ်ပါတယ်။တက်သစ်စဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်တွေနဲ့အမှီ တွဲဖက်ပြီးသရုပ်ဆောင်နိုင်မှုကြောင့် စီနီယာအနုပညာရှင်တွေကတောင် ချီးကျူးရတဲ့ထိပါပဲနော်။

ကျော်ထက်အောင်ကတော့ မိန်းကလေး ပရိသတ်များစွာရရှိထားရတဲ့ အချက်တွေထဲက တစ်ချက်ကတော့ သူ့ရဲ့ပါးချိုင့်လေးတွေကြောင့်ပါပဲနော်။ သူ့ရဲ့အချစ်ရေးကတော့ အခုချိန်ထိပရိသတ်တွေကို ချပြထားခြင်းမရှိဘဲ Singleအဖြစ်နဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။

ဒီနေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အချစ်နဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်လေးကိုရက်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။ ” အချစ်ဆိုတာ ချစ်ခဲ့ဖူးသူတွေကော ချစ်သူကိုကောချစ်လာနိုင်ဖွယ်ရှိတဲ့သူတွေကို ကောကိုလိုချင်တဲ့ချိန် ဘယ်ဈေးနဲ့ဖြစ်ဖြစ်ဝယ်ပြီးအိမ်ရှေ့ ဧည့်ခန်းက Cupboard (မှန်ဗီရို) ထဲ ထည့်ထားပြီး ရာသီအလိုက်ကား

ပေါ်တင်လိုက်အိပ်ရာဘေးထားအိပ်လိုက် လုပ်လို့မှမရတာဘဲလေ ” ဆိုတဲ့ စာသားလေးတွေနဲ့အတူ အရုပ်လေးတွေမှန်ဘောင်ထဲထည့်ထားတဲ့ပုံရိပ်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ ပရိသတ်တွေကတော့ သူ့ရဲ့အတွေးကမှန်တာဖြစ်ပြီး ဘာတွေခံစားနေရလဲလို့မှတ်ချက်တွေပေးနေတာတွေ့ရပါတယ်။ပရိသတ်ကြီးရော အချစ်ကိုဘယ်လိုခံယူထားလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။