ဒီေ န့ Dead Body နှစ်ခုပို့အပြီး အိမ်စောစောပြန်နားမယ်ပေါ့။ ပြန်လာတဲ့လမ်းက ကားမှတ်တိုင်မှာ သင်္ကန်းသပ်သပ်ရပ်ရပ်ရုံထားပြီး ဖိနပ်မပါဘူး ရပ်နေတာတွေ့တော့ ဘာလဲဆိုပြီးလှမ်းကြည့်မိတယ်။

တချို့သင်္ကန်းဝတ်တွေက မူးယစ်သောက်စားပြီး ဖိနပ်တောင်မစီးနိုင်အောင် မူးနေတတ်တယ်လေ။ အဲဒါမျိုးတွေ့လို့ ဘေးကလူအဖော်ကောင်းလို့ကတော့ ချုပ်ပြီးရဲစခန်းပို့ပြီးသားပဲ သေချာကြည့်မှ ပုခုံးပေါ်က ဒုကုဋ်နဲ့ ယပ်တောင်ကိုင်ထားတာကိုတွေ့တယ်။ ဒါဆိုရင်တော့ တခုခုထူးခြားတယ်ဆိုပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်တယ်။

အဲလိုသင်္ကန်းကျကျနနခြုံပြီး ဒုကုဋ်ပုခုံးပေါ်တင်ဖို့ကကျတော့ တော်ရုံအရေခြုံတွေမလုပ်နိုင်ဘူးလေကိုယ်တော် ဘယ်ကြွမလို့လဲဆိုတော့ အင်းစိန်တဲ့။ တပည့်တော်လိုက်ပို့မယ်ဆိုတော့ ကိုရင့်မှာ ပိုက်ဆံမပါဘူးတဲ့။ စိတ်ထဲတော့တမျိုးဖြစ်သွားတယ်Taxi နဲ့ရိုးရိုးကားတောင်မခွဲတတ်ဘူးလို့။ တပည့်တော်လဲ Taxi မဟုတ်ပါဘူးလို့ လမ်းသွားရင်းကုသိုလ်ယူတာပါဆိုတော့ လမ်းကြုံမှပို့ပါတဲ့လမ်းပေါ်မှာရှိရင် လမ်းကြုံပါတယ်ဆိုတော့မှ အင်တင်တင်လုပ်နေတုန်း ဘေးကလူတွေဝိုင်းပြောတော့ ကားပေါ်တက်လာတယ်။ သူပြောနေတဲ့ စကားတွေကမနဲနားထောင်နေရတယ်။

စကားသိပ်မပြောတတ်သလိုပဲ။ တခုခုပဲလို့တော့ တွေးမိတယ်ကိုရင်က ပိုက်ဆံလဲမကိုင်ဘူး၊ သင်္ကန်းလဲစနစ်တကျရုံပြီးမှ အပြင်ထွက်တယ်ဆိုတော့ ဝိနည်းစိတ်ဝင်စားရင် တပည့်တော်တို့လှူနေကျ ဝိနည်းအလေးထားတဲ့ကျောင်းတွေမှာနေချင်လားဆိုတော့မှ သူက မှော်ဘီမဟာဝိဟာရမှာ ၆ နှစ်နေလာတာဆိုပဲဒါကြောင့် ဒီပုံဖြစ်နေတာကိုး။

ဒီလောက်ကုသိုလ်ရတာ ဘာလို့အဲ့ကျောင်းကထွက်လာလဲ နှမြောစရာကြီးလို့ပြောမိတယ်နိုင်ငံခြားသားဖြစ်နေတယ်ရော၊ ဖုန်းဆက်မရတာတွေကော ပြန်ဖြေတယ်။ မပီသတော့ သိပ်နားမလည်ဘူးခုရော ဘယ်သွားမှာလဲဆိုတော့။ သာမဏေကျော်စာမေးပွဲဖောင်သွားတင်မလို့တဲ့။ ဖြေဖို့ထောက်ခံစာလဲယူရမယ်ဆိုပဲ။ ပြီးရင် မရမ်းကုန်းသွားမယ်တဲ့ခုဘယ်မှာနေတာလဲဆိုတော့ ရွှေပြည်သာတဲ့။ တော်တော်တော့ရှုပ်လာပြီ။ စကားပြောရင်းတော့ နားရည်ဝပြီးသူပြောတာတွေ ပိုနားလည်လာတယ်မဟာဝိရကထွက်လာကတည်းက ပိုက်ဆံမကိုင်ပဲခုလိုလျှောက်သွားနေတာ အဆင်ပြေလားဆိုပြီးမေးကြည့်တယ်။ ပြေပါတယ်ဆိုတော့ မဆိုးဘူးပဲပေါ့တခြားဘုန်းကြီးတွေနဲ့ရော အဲ့လိုဝိနည်းအတိုင်းနေတော့ အဆင်ပြေပါ့မလားမေးကြည့်တယ်။ မပြေဘူးတဲ့။ ပရိယာယ်သုံးပြီးနေရတယ်ဆိုပဲဘုရားရဲ့စည်းကမ်းတွေကို လိုက်နာတဲ့သူတွေ နေစရာတကယ်ရှားပါတယ်။ မဟာဝိဟာရကထွက်ရလာတဲ့အကြောင်းပြန်ရောက် သွားမှပဲ ဇာတ်ရည်ကလည်တော့တယ်သူက ဘင်္ဂလားဒေ့ရှ်ကလာတာတဲ့။ ဘင်္ဂါလီလားဆိုတော့၊ မဟုတ်ဘူး ရခိုင်တဲ့။ သူတို့တရွာလုံးရခိုင်တွေချည်းပဲတဲ့သူရယ်နောက်တယောက်ရယ် ဗုဒ္ဓစာပေတွေသင်ဖို့ ဒီကိုတူတူလာတာ တယောက်က မနေနိုင်လို့ ပြန်သွားပြီဆိုပဲ။ ကိုယ်လဲအဲ့ကျမှအံ့ဩရတယ်သူတို့နားမှာ ဘင်္ဂါလီရွာရော၊ မရမ်မာကြီးရွာတွေပါရှိတယ်တဲ့။ ရခိုင်နယ်စပ်နဲ့တော့တော်တော်ဝေးတယ်ပြောတယ်သူကအခုအပြင်မှာလေ့လာနေတာတဲ့။ တနေ့ရွာပြန်ပြီး မဟာဝိဟာရလို ဝိနည်းဆောင်စာသင်တိုက်ထောင်မယ်တဲ့ဗျ အဲ့ကျမှ ငါတော့ တကယ့်ကုသိုလ်ကြီးကြီးတခုရလိုက်ပြီလို့သိတော့တယ်။

ချက်ချင်းရဟန်းခံဖို့ဘယ်လောက်လိုသေးလဲ။ တပည့်တော်ရဟန်းတကာလုပ်ချင်လို့ပါဆက်တိုက်ထွက်သွားတယ်ဒီနှစ်ထဲမှာ ရဟန်းခံလို့ရတော့မှာတဲ့။ ချက်ချင်းတပည့်တော်ရဟန်းတကာလုပ်ခွင့်ပေးပါ။ တပည့်တော်ဆီမှာ အလိုရှိတာအလှူခံပါပေါ့။ (အဲလိုမပြောရင် အလှူခံလို့မရပါဘူးအရိပ်အမွတ်တောင်လှူချင်လာအောင် မပြောရပါဘူး။ လိုချင်တိုင်းတောင်းနေတဲ့ဘုန်းကြီးနဲ့တွေ့ရင်တော့ တခုခုမှားနေပြီသာမှတ်တော့သူပြောသွားတာတွေအစုံပဲ သူက ဘင်္ဂလီလိုရော၊ ရခိုင်လိုရော၊ ဒီရောက်တော့ မြန်မာလိုပါတတ်သွားတဲ့အကြောင်း ဒီကဘုန်းကြီးတွေ ပိုက်ဆံကိုင်၊ ဆိုင်ကယ်စီး၊ ကားမောင်းတာကို ဘုန်းကြီးလုပ်ပြီး ဘာသာရေး နားမလည်ကြဘူးတဲ့ နေမယ့်သူမရှိတဲ့ ဘုန်းကြီးကျောင်းတွေအများကြီးဆောက်ပြီး အရေးကြီးတဲ့ ဘုရားရဲ့စကားတွေကျတော့ နားမထောင်ဘူးဆိုပဲ သူ့ကိုခွဲခြားဆက်ဆံတဲ့သူတွေလဲ ရှိတဲ့အကြောင်း မဟာဝိဟာရက စည်းကမ်းအရမ်းကြီးတော့ ရွာနဲ့အဆက်အသွယ်ပြတ်ပြီး သူ့ညီလေး သေတာတောင် သူမသိခဲ့ရဘူးတဲ့။ (ကိုရင်ပဲရှိသေးတာ ဘယ်လွယ်မလဲ အားလုံးကို ဥပေက္ခာပြုဖို့)။

တပည့်တော်စိတ်ကြိုက် ဝိနည်းဆောင်ကျောင်းမှာ ရဟန်းပြုပေးမလားမေးတော့ ပြုပေးမယ်တဲ့။ ဒီနေရာမှာ ကျွန်တော်တို့ဘာသာဝင်တွေ တသက်လုံးလွဲလာတာလေးထည့်ပြောချင်တယ်ကျွန်တော်ရဟန်း ၃ ခါခံဖူးတယ်။ ဝိနည်းမသိပဲဝတ်ခဲ့တော့ သိလာတဲ့အခါမှာ အပြစ်တွေကိုတွေးပြီးကြောက်ဖူးတယ်။ ဖားအောက်က ဆရာတော်တပါးနဲ့တွေ့မှ စိတ်ချမ်းသာသွားတယ်ကျွန်တော် ရဟန်းခံခဲ့တဲ့အကြိမ်တိုင်းပြန်ဆန်းစစ်ကြည့်တော့ ရဟန်းဖြစ်ဖို့အင်္ဂါတွေမပြည့်စုံလို့ ရဟန်းမဖြစ်ခဲ့ဘူးတဲ့။ ကိုရဟန်းခံတဲ့ သိမ်ဟာ သိမ်ဖြစ်မြောက်ဖို့ အချက်အလက်တွေအများကြီးလိုပါတယ်။

ရဟန်းပြုပေးမယ့် ရဟန်းတွေရဲ့ အရည်အသွေးတွေလဲလိုပါတယ်သေချာပါတယ် အဲ့ဒါတွေမပြည့်စုံခဲ့လို့ ကျွန်တော့်ကို အမေက ရဟန်းခံပေးခဲ့ပေမယ့် ရဟန်းမဖြစ်ခဲ့ပါဘူး။ အမေလဲ ရဟန်းအမ ရမယ့်ကုသိုလ် မရသေးပါဘူး။ သားမွေးထားတိုင်း သင်္ကန်းပတ်ပေးရုံနဲ့ ရဟန်းအမကုသိုလ်ကို မရနိုင်တာ ပြောချင်တာပါအဲလိုနဲ့ မရမ်းကုန်းရောက်သွားတော့ ထုံးစံအတိုင်း စာသင်သားအသစ်လက်ခံဖို့ တာဝန်ခံပေးမယ်သူလိုတယ်ဆိုတာကို လုံခြုံရေးအရလက်ခံပါတယ်ဒါပေမယ့် ဘုရားပြောတဲ့စကားအတိုင်းနေရင် အဲဒီကျောင်းမှာ ခိုးစရာပစ္စည်းမှ မရှိတာ။ တံခါးမရှိ ဓားမရှိနေလို့ရပါတယ်။ စာအုပ်နဲ့ သင်္ကန်းကလွဲရင် ခိုးစရာတွေရှိနေရင်တော့ တခုခုမှားနေပြီဗျစာသင်ချင်တဲ့ စာသင်သားတယောက်ကို လက်ခံဖို့ အဲလောက်မခက်သင့်ပါဘူး။ သူဖြစ်ချင်နေတာလုပ်ပေးဖို့တော့ သူ့စကားနားမလည်တာတွေ ကြားထဲကဝင်ရှင်းပြခဲ့တယ်ပြီးတော့ လက်ရှိတည်းတဲ့ကျောင်းပြန်ပို့ပေးခဲ့တယ်။ အားလုံးပေါင်း ၄ နာရီ။ သူ့ဘာသာသွားရင် နှစ်ရက်လောက်ကြာမယ်ထင်တယ်ပိုက်ဆံမရှိလို့ ကားစီးမရရင် ဘယ်လိုလုပ်မလဲဆိုတော့ လမ်းလျှောက်မယ်တဲ့ဗျာ။ တလမ်းလုံး သူသွားချင်တဲ့နေရာတွေ google map ဖွင့်ပြီးလိုက်ပို့ပေးနေတာကို သူကတော်တော်သိတယ်နော်တဲ့ ပေးချင်တဲ့ message က အဲ့လိုကိုယ်တော်တွေတွေ့ရင် သူတို့ကပိုက်ဆံမကိုင်တဲ့အတွက်

လမ်းကြုံလိုရာပို့ပေးကြပါ ဆွမ်းစားချိန်နဲ့တိုက်ဆိုင်ရင် ဆွမ်းကပ်ပါ။ (မကပ်တတ်ရင် သင်ပေးဖို့ အရင်ပြောပါ။ အကပ်မတတ်ရင် ဆွမ်းစားမှာမဟုတ်ပါဘူး) တခုခုလှူချင်ရင် တပည့်တော်ထံ ဝိနည်းနဲ့အပ်စပ်သော မည်သည့်အရာမဆို အလှူခံပါလို့ပြောပါ (မပြောရင် လိုချင်တာရှိလျက် ပြောမှာမဟုတ်ပါဘူး) ဘာကြောင့်လဲဆိုတော့ ဘုရားသားတော်ပီပီသသတွေဟာ တိုက်ကျောင်းပေါ်က အဲကွန်းခန်းထဲမှာ တွေ့ရဖို့မလွယ်ပါဘူး ပြန်ခါနီးပြောသွားတာက တကာကြီးဝိနည်းသင်ထားပါတဲ့။ အဲဒါမှ သူလဲအာပတ်လွတ်မယ် ဒကာကြီးလဲ ကုသိုလ်ပိုရမယ်တဲ့။ တကယ့်အာဂပဲ။ သူ့ရဲ့တကာလုပ်ဖို့ စာတွေထပ်ဖတ်ထားပါမယ် အာမခံလိုက်ရတယ် ကိုရင်တပါးတောင်လုပ်နိုင်တာကို ဘာကြောင့် မလုပ်နိုင်ကြရတာလဲဆိုတဲ့အတွေးတွေ ခေါင်းထဲမှာအပြည့်နဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်နေသူတွေအကြောင်းတွေးမိလာတယ်။

Credit