ဟန် နီချိုကတော့ မကြာသေးမီက တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mrs Universe ကမ္ဘာ့အကြီးဆုံး အိမ်ထောင်ရှင်အလှမယ်ပွဲကြီးမှာတော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလှမယ်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Mrs Universe (2019) Winner ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ဒီပွဲကြီးမှာတော့ နိုင်ငံပေါင်း (၉၀)ကျော်က နိုင်ငံကိုယ်စားပြုအလှမယ်တွေပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဟန်နီချိုကတော့ Mrs Universe (2019) Winner ဆုကြီးအပြင် နောက်ထပ် Mrs Talent Winner, Mrs Personality Winner,Four Beauty Season Sponsored awards Winner ဆုကြီး (၄)ဆုကိုပါတစ်ပါတည်းယူဆောင်လာခဲ့ပါသေးတယ်။ ဟန်နီချိုရဲ့ ခင်ပွန်းဖြစ်သူကလည်း အခုလိုဆုကြီးတွေရရှိလာအောင် Support လုပ်ပေးတဲ့ သူတွေထဲမှာ အဓိကအနေနဲ့ပါဝင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လ တ်တလောမှာလည်း ဟန်နီချိုဟာ သူရဲ့ခင်ပွန်းဆီက မင်္ဂလာသက်တမ်း (၁၆)နှစ်ပြည့်အတွက် စိန်(၁၆)လုံးပါတဲ့ စိန်ပန်းစည်းကို လက်ဆောင်အနေနဲ့ရရှိခဲ့တဲ့ အကြောင်းကို “အိမ်ထောင်သက် (၁၆) နှစ်မို့ (၁၆) ပွင့်ပါ စိန်ပန်းစည်း”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နာကနေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဟန်နီချိုကတော့ ခင်ပွန်းဖြစ်သူကို အချစ်မလျော့ဘဲ ပိုပိုတိုးပြီးချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့နော်

Credit- CeleFamily