ပရိ သတ်တွေအားကျနေရတဲ့ စုံတွဲလေးတစ်တွဲဖြစ်တဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့ကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ လက်တွဲလာခဲ့တာ ချစ်သူသက်တမ်း(၄)နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။သူတို့နှစ်ဦးကတော့ ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်နဲ့ ဖြတ်သန်းလာခဲ့တဲ့အချစ်ခရီးလမ်းကိုလည်း ပရိသတ်တွေကိုမျှဝေပေးလေ့ရှိသူတွေပါ။

ဒီနေ့ချစ်သူများနေ့လေးမှာတော့ ရိုက်ကွင်းကြောင့်အလုပ်များနေတဲ့ဖြိုးလေးကို ဝါဆိုကတော့ စိတ်ဆိုးနေခဲ့တာဖြစ်ပြီး “နေ့ရက်တိုင်းဟာ Valentines နှစ်ပတ်လည်တွေရေတွက်လို့.. V Day ကြီးမှာ အလုပ်တွေလိုက်လုပ်ပေးရမှာမလို့ စိတ်ဆိုးနေတဲ့ကောင်မလေး ဒီနှစ်တော့ ဘာမှ မလုပ်ပေးနိုင်လို့ ခွင့်လွတ်ပါ” ဆိုပြီး ဖြိုးလေးကတော့ မနက်ပိုင်းမှာတောင်းပန်ခဲ့ပါသေးတယ်။ဒါပေမယ့် ဒီနေ့နေ့လည်ခင်းလေးရောက်တဲ့အချိန်မှာတော့ ဝါဆိုတစ်ယောက် စိတ်ကောက်ပြေသွားအောင် ဖြိုးလေးကတော့ Surprise လေးလုပ်ပေးခဲ့တာဖြစ်ပါတယ်။ “သူ Valentine’s Day မှာ Shooting ရိုက်လို့စိတ်ဆိုးပြီး သူ့ Shooting ကိုနေ့လည်မှ လိုက်သွားတာ.. ဟိုလည်းရောက်ရော ကိုယ့်ကို ထင်ရှူးပင်လေးတွေကြားမှာ Surprise တိုက်လိုက်ရော ဟီးဟီး.. Thank U ကို.. မအားတဲ့ကြားက Surprise လုပ်ပေးလို့ Happy Valentine’s Day ပါ” ဆိုပြီး ကြည်နူးဖွယ်ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်ကို မျှဝေပေးခဲ့ပါတယ်။

သူတို့ကတော့ မကြာသေးခင်ကမှ သူတို့နှစ်ဦးရဲ့အချစ်တွေနဲ့ လွှမ်းခြုံထားတဲ့ “အလိုအပ်ဆုံးအရာ” ဆိုတဲ့သီချင်းလေးကို ထွက်ရှိထားပြီး ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိထားပါသေးတယ်။အမြဲတမ်းရိုနေတဲ့ သူတို့နှစ်ဦးကတော့ ဒီနေ့ချစ်သူများနေ့လေးမှာလည်း အချိန်မရှိတဲ့ကြားက ပျော်ရွှင်စရာလေးတွေဖန်တီးခဲ့ကြသေးတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် သူတို့နှစ်ဦးရဲ့ပျော်ရွှင်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – War So Moe Oo
Rainbow- Cele Gabar