ဝင်း မင်းသန်းကတော့ Beauty Blogger တစ်ယောက်အနေနဲ့ အောင်မြင်မှုရရှိလာပြီး အလှအပရေးရာ တွေနဲ့ပတ်သက်ပြီး မျှဝေပေးနေတဲ့ သူတစ်ယာက်ပဲ ဖြစ်ပါတယ်။ အလှအပရေးရာ တွေအပြင် မိန်းကလေးတွေအတွက် အကျိုးရှိတဲ့စိတ်ခွန်အားဖြစ်စေတဲ့ အရာတွေကိုလည်း မျှဝေတတ်တာကြောင့် သူမကို အားပေးတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေးပရိသတ်တွေများစွာ ပါဝင်နေတယ်လို့ ဆိုရမှာပါ။

မိန်း ကလေးတွေအတွက် အသားအရေထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ နည်းလမ်းတွေကို စနစ်တကျ ပြောပြလေ့ရှိတဲ့ သူမကတော့ ကိုယ်တိုင်လည်း အသားအရေ ထိန်းသိမ်းကာ ကြည်လင်းဝင်းပပြီး ဂလိုးတဲ့ အသားအရေကို ပိုင်ဆိုင်ထားတယ်ဆိုရင်လည်း မမှားပါဘူးနော်။ ပရိသတ်တွေကို သူမSkin Care လုပ်တဲ့ အချိန်တွေမှာ အမြဲ Live လွှင့်ကာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးစကားပြောလေ့ရှိတာပဲ ဖြစ်ပါတယ်။မနေ့ကလွှင့်ခဲ့တဲ့ Live မှာ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။

ပရိ သတ်တစ်ယောက် ကတော့ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အစအဆုံးပြောပြကာ သူမရဲ့ချစ်သူနဲ့ပုံရိပ်တွေကို ဝေမျှခဲ့တာတွေ့ရပါတယ်။ “တချိန်လုံး Live မှာဆို ဟာသတွေပြော ရယ်ရယ်မောမော နဲ့ သူက ဒီနေ့ကြမှ မျက်ရည်တွေဝဲပြီး ခံစားချက်တွေထုတ်ပြောတော့ အကုန်အံ့သြကြမှာ…ဒီဓာတ်ပုံက အစ်မဝင်းမင်းသန်းချစ်သူပါ ချစ်သူမဟုတ်ကြတော့ပေမဲ့ တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုတွေ မေတ္တာစစ်တွေနဲ့ အခုထိအဆက်အသွယ်ရှိနေတုန်းပါ…သူလည်းလူပါပဲ…အပျိုကြီးဆိုတာကလည်းချစ်လို့စနောက်ခေါ်ကြတာပါ…အသည်းကွဲခဲ့တဲ့အချိန်လည်းရှိတာပဲ…အပျိုကြီးမလို့ မချစ်တက်ဘူးမထင်ပါနဲ့…အောက်က Live video လေးမှာ သူ့မျက်လုံးကစကားတွေအများကြီးပြောသွားရှာတယ်…ဖြစ်နိုင်ရင် အစ်ကိုနဲ့အစ်မကို ပြန်ပြီးအဆင်ပြေစေချင်တယ်… တကယ်လည်းလိုက်ဖက်တယ်…ဒီနေ့နဲ့ဆို အတူတူရှိနေခဲ့တဲ့အချိန်က ၁၁ နှစ်ပြည့်ပါပြီ…ဘယ်လောက်တောင်သူလွမ်းနေလိုက်မလဲဆိုတာ…သူပြောနေပုံကိုကြည့်ပြီး ကိုယ်တောင်လိုက်ခံစားရတယ်… ဖြစ်နိုင်ရင် တကယ်ပြန်ပြီး အဆင်ပြေစေချင်တယ်အစ်မရေ

ချစ်တယ်။(အစ်မကိုခွင့်တောင်းပြီးမှတင်တာပါ မခံစားနိုင်တော့လို့) ” ဆိုတဲ့စာလေးနဲ့ ဗီဒီယိုဖိုင်လေးတွေလည်း တင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Source : Han Min Satt
Credit – Candy –CeleConnections