နိုင် ငံကျော် မင်းသားတစ်လက်ဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ နေတိုးက “မိုးညအိပ်မက်မြူ”၊ “နက္ခက်မှားတဲ့တိုက်ပွဲ”၊ “တာတေကြီး” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆုကြီးတွေရရှိခဲ့ပြီး “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Star Awards ဆုကို ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ပရိသတ်အခိုင်အမာရရှိထားတဲ့ နေတိုးက အသက်အရွယ်တစ်ခုရောက်သည့်တိုင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် သရုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေတိုးက သူ့ရဲ့ ရှုတင်ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဝေမျှပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နေတိုးရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။နေတိုးက ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ အိပ်ငိုက်နေတဲ့ ပုံတွေကို တင်ရင်း “သားကြီးမင်းအိပ်ရေးဝပြီလား?” ဆိုပြီး သူ့ကိုယ်သူ အရွှန်းဖောက်ထားတာ ဖြစ်ပါတယ်။

နေတိုးကတော့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပီပီပြင်ပြင် သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး