ဒီ လူကြီး

စစ်ဗိုလ်ချုပ်တဦးဖြစ်ပေမဲ့ ဝတ်စရာအဝတ်သုံးစုံပဲ ရှိတယ်ဆိုတဲ့ ဒီလူကြီး….

ထမင်းမစားရတာ နှစ်ရက်ရှိပြီ ထမင်းနည်းနည်း လောက်ပေးပါဆိုပြီး တောင်းစားခဲ့ဘူးတဲ့ ဒီလူကြီး…..

လမ်းဘေးမှာ ချမ်းချမ်းတီးတီးနဲ့ အိပ်နေတဲ့ လူတယောက်ကို မင်းဆင်းရဲတာ ငါနဲ့ ဆိုင်တယ်ဆိုပြီ ဝတ်ထားတဲ့အနွေးထည်ကို ချွတ်ပေးခဲ့တဲ့ ဒီလူကြီး….

အီတလီဘုန်းတော်ကြီး ဦးလောကနာထ ထံမှာ ရဟန်းဝတ်ပြီး သာသနာပြုဖို့  ခွင့်တောင်းတာကို မိခင်က ခွင့်မပြုလို့  သူ့ အတွက် တရားရနိုင်မဲ့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံပြီး မြန်မာ ပြည်သူတွေအတွက် အသက်ပေးဆပ်သွားခဲ့ရ ရှာတဲ့ ဒီလူကြီး….

ဆွေမျိုးတွေက လက်ဆောင်ပေးတဲ့ ဆီဗုံးကို တတိုင်းပြည်လုံးဆင်းရဲနေတာ ငါဒီလိုစားရတာ စိတ်မသန့် ဘူးဆိုပြီး ဆီတွေကိုသွန်ပြစ်ခဲ့တဲ့ ဒီလူကြီး….

ရုပ်ရှင်ကြည့်တာတောင် ( ငါးမှုးတန်း ) ရှေ့ဆုံးတန်းကနေ ကြည့်ခဲ့တဲ့ ဒီလူကြီး….

ကားမောင်းတဲ့သူက ဗိုလ်ချုပ်ပါနေတာပဲရပါတယ်လို့ ပြောတော့ ဗိုလ်ချုပ်က ဗိုလ်ချုပ် ဥပဒေက ဥပဒေ ဆိုပြီး ပြောခဲ့တဲ့ ဒီလူကြီး…..

သူသေတော့ ဂန္ဒီကိုယ်တိုင် မျက်ရည်ကျပြီး ငါ့သားတယောက်လိုမျိုးရော ကမ္ဘာခေါင်းဆောင် တွေအတွက်ရော အစားထိုးမရတဲ့ဆုံးရှုံးမှု့ဆိုပြီးမြည်တွန်တမ်းတခဲ့ရတဲ့ ဒီလူကြီး….

မင်္ဂလာဒုံဘက်က မြေကွက်လေးတော့ လိုချင်သား ပိုက်ဆံက မရှိဘူး လို့  ညည်းဘူးတဲ့ ဒီလူကြီး….

မိဘဆီက ပိုက်ဆံပြန်တောင်းပြီး သုံးရလို့ အဆူခံရတဲ့ ဒီလူကြီး….

လွပ်လပ်ရေးတောင်းတော့ မပေးရင်ဘာလုပ်မလဲ ဆိုတဲ့အင်္ဂလိပ်ဘုရင်ခံရဲ့ မေးခွန်းကို မပေးရင်တိုက်ယူမယ်ဆိုပြီး ပြုံးရွှင်တည်ကြည်ရဲရင့်စွာနဲ့  တုန့် ပြန်ခဲ့တဲ့ ဒီလူကြီး….

လွပ်လပ်ရေးတောင်းဆိုပြီးပြန်လာရင် အသတ်ခံရတော့မယ်ဆိုတာကို ရဟန်းပညာရှိ လူပညာရှိတွေကသိလို့  သတိပေးပေမဲ့ သိသိကြီးနဲ့ သွားရောက်တောင်းဆိုတယ်….

အင်္ဂလိပ်ဘုရင်ခံချုပ်ကို ကျုပ်တို့ တိုင်းပြည်မှာအမျိုးသားရေးခေါင်းဆောင်တယောက်က သက်ဆိုးမရှည်ဘူး အသတ်ခံရမှာ ဆိုပြီးသေမှာကို ကြိုသိ ကြိုနိမိတ်ဖတ်ပြီး မိမိအသက်ကို တိုင်းပြည်အတွက်သိသိကြီးနဲ့ ပေးဆပ်သွားတဲ့ ဒီလူကြီး

သြော် – – – – –

ဒီလိုလူကြီးမျိုးရဲ့ ဂုဏ်ကျေးဇူးကို ဘယ်လောက်ပဲ စာဖွဲ့ ပါစေ ကုန်မယ် မထင်နိုင်တော့ပါဘူး….

ဒီလူကြီးကြောင့် ရခဲ့တဲ့ လွတ်လပ်ရေးနေ့ ကိုရောက်တိုင်း မြန်မာပြည်သူပြည်သားတွေရဲ့ ရင်ထဲမှာ ဒီလူကြီးကို ထာဝရ ကျေးဇူးတင်ရှိနေမှာပါ….

ဖေဖေါ်ဝါရီတစ်ဆယ့်သုံးရက် ဇန်နဝါရီလေး ရက်နဲ့ူဇူလိုင် တစ်ဆယ့်ကိုး ရက်တွေရောက်တိုင် ဒီလူကြီးကို အမြဲတမ်း သတိယနေမယ်ဆိုတာ အသေအချာပါပဲ….

ရူးသွပ်တယ်ပဲ ပြောပါစေ…..နောင်တချိန် ဒီလိုလူကြီး ခေါင်းဆောင်တဲ့တိုင်းပြည်မှာ လူပြန်ဖြစ်မယ်ဆိုရင် အမြဲတမ်း ဖြစ်ရပါလို၏လို့  ဆုတောင်းပါတယ်…..။

share ခြင်းဖြင့် ဒီလူကြီးကို ဂုဏ်ပြုလိုက်ကြရအောင်ပါ…..ဦးမြင့်ခိုင်