မြန် မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦးဖြစ်ခဲ့တဲ့ မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ ဖေဖော်ဝါရီလ(၁၂)နေ့မှာကျရောက်တဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့မှာ မောင်တော ဒေသခံပြည်သူတွေကို ဖျော်ဖြေဖို့ရောက်နေခဲ့တာလည်းဖြစ်ပါတယ်။ နန်းခင်ဇေယျာဟာ အန္တရာယ်များလွန်းတဲ့ မောင်တောနယ်စပ်ခြံစည်ရိုးကို အရဲစွန့်ပြီးသွားခဲ့တဲ့ ပုံရိပ်အချို့ကို “ဘယ်နားက ခြံစည်းရိုးလို့ထင်လဲ? အိမ်ကခြံစည်းရုံးမဟုတ်တာတော့သေချာတယ်။” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

မင်း သမီးချောလေး နန်းခင်ဇေယျာကတော့ မြန်မာနိုင်ငံကိုယ်စားပြု Miss international 2015 Winner အလှမယ်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထား သူလည်းဖြစ်ပါတယ်။ သူဟာ မကြာသေးမီကမှ ပရိသတ်တွေကြား စိတ်ဝင်တစားစောင့်ကြည့်မှု မြင့်တတ်နေတဲ့ The Mask Singer Myanmar ပြိုင်ပွဲကြီးမှာလည် ရေခဲမုန့်မျက်နှာဖုံးပိုင်ရှင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ လတ်တလောမှာတော့ “You are my papi” ဆိုတဲ့ သီချင်းသစ်လေး ထွက်ရှိထားပြီး ဒီသီချင်းလေးကိုတော့ အဆိုတော်ဝိုင်းလေးကိုယ်တိုင် ရေးသားပေးခဲ့တာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မင်းသမီးချော နန်းခင်ဇေယျာကတော့ ဖေဖော်ဝါရီလ(၁၂)နေ့မှာကျရောက်တဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့မှာ မောင်တော ဒေသခံပြည်သူတွေကို ဖျော်ဖြေဖို့ရောက်ရှိနေရင်း အန္တရာယ်များလွန်းတဲ့ မောင်တောနယ်စပ်ခြံစည်ရိုးကို အရဲစွန့်ပြီးသွားခဲ့ပါသေးတယ်နော်။ သတိကတော့မနည်းဘူးနော် ပရိသတ်ကြီးရေ…..

Source: Nang Khine Zay Yar-နန်းခင်ဇေယျာ
DarDar-CeleGabar