ဖေေ ဖ်ာဝါရီ(၁၃) AlinnMyay(အလင်းမြေ)
ေ တာင်ငူခရိုင် ၊ ရေတာရှည် မြို့နယ် ၊ ဆင်ဂွေကျေးရွာအုပ်စု ၊ ရွာသာယာ ရွာတွင် အမျိုးသား တစ်ဦး အိမ်ထောင်ရေးဖောက်ပြန်သည်ဟုဆိုကာ ဇနီးသည်မှ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ပုဒ်မ ၁၃ဖြင့် အမှုဖွင့်ခဲ့ပြီး ၊ ကျူးလွန်ခံခဲ့ရသည့် နောက်ထက်အမျိုးသမီး တစ်ဦးမှ မုဒိမ်းမှု ဖြင့် ထပ်မံ အမှု ဖွင့်ဆိုခဲ့ကြကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က သိရပါတယ်။
နေလင်းအောင်(တောင်ငူ)
Credit to AlinnMyay
Unicode
တခဏတာ တနှာစိတ်ကြောင့် မိအေးနှစ်ခါ နာခဲ့ရသူ
ဖေဖော်ဝါရီ(၁၃) AlinnMyay(အလင်းမြေ)
တောင်ငူခရိုင် ၊ ရေတာရှည် မြို့နယ် ၊ ဆင်ဂွေကျေးရွာအုပ်စု ၊ ရွာသာယာ ရွာတွင် အမျိုးသား တစ်ဦး အိမ်ထောင်ရေးဖောက်ပြန်သည်ဟုဆိုကာ ဇနီးသည်မှ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ပုဒ်မ ၁၃ဖြင့် အမှုဖွင့်ခဲ့ပြီး ၊ ကျူးလွန်ခံခဲ့ရသည့် နောက်ထက်အမျိုးသမီး တစ်ဦးမှ မုဒိမ်းမှု ဖြင့် ထပ်မံ အမှု ဖွင့်ဆိုခဲ့ကြကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က သိရပါတယ်။
ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ် ၊ ဆင်ဂွေကျေးရွာအုပ်စု ၊ ရွာသာယာရွာတွင် ဖေဖော်ဝါရီ ၆ ရက် ည ၁နာရီအချိန်တွင် မ ——-သည် လင်းသားမရှိခိုက် နေအိမ်တွင် သားသမီး( ၂) ဦးဖြင့်အိပ်ပျော်နေစဉ် သက်နိုင်ဦး ၊မကျီးကုန်းကျေးရွာ နေသူရောက်ရှိလာပြီး ပါးစပ်အား အတင်းပိတ်ကာ နေအိမ် အိပ်ခန်းထဲတွင် သားမယားအဖြစ် ( ၂ )ကြိမ်ပြုကျင့်ခဲ့ပြီး –
မိုးလင်းခါးနီအချိန်တွင် မ——-မှ ခရီးလွန်နေသော အမျိုးသားနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့အား ဖုန်းဆက် အကြောင်းကြားခဲ့ပြီး ကျူးလွန်သူ သက်နိုင်ဦးအား ရဲစခန်းသို့ ဖမ်းခေါ်ဆောင်သွားခဲ့ကြကြောင်းသိရပါတယ် ။
ယင်းဖြစ်စဉ်အား သိရှိသွားသော ဇနီးသည်မှ လင်းသားအား စိတ်ဆိုးကာ တစ်လင်တမယားကျင့်သုံးခြင်းဆိုင်ရာ ပုဒ်မ (၁၃ )ဖြင့် အမှုဖွင့်ခဲ့ပြီး ၊ သားမယားအဖြစ်ပြုကျင့်ခံခဲ့ရသော မ ————မှ ထပ်မံ မုဒိမ်းမှု ဖြစ် ဖွင့်ဆိုခဲ့ကြကြောင်းသိရပါတယ်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူ သက်နိုင်ဦး( ၃၆ )နှစ် ၊(ဘ) ဦးအေးကို ၊ မကျီးကုန်းကျေးရွာ နေသူအား တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ( ၁၃ )ဖြစ်လည်းကောင်း ၊ မုဒိမ်းမှု ပုဒ်မ ( ၃၇၆ )ဖြင့် လည်းကောင်း ရေတာရှည် မြို့မ ရဲစခန်းတွင် စစ်ဆေးဆောင်ရွက်ထားကြောင်းသိရပါတယ် ။
နေလင်းအောင်(တောင်ငူ)
AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေး၊ ပြည်သူ့ အသံ ဖော်ဆောင်ရေး နှင့် သတင်းမှန် မီဒီယာ
Credit to AlinnMyay