ညီမ ငယ်ငယ်တုန်းကလည်း ပြတိုက်အဟောင်းကို လေ့လာခဲ့ဖူးတယ်ပေါ့နော်။ အခုကကျတော့ ပြတိုက်အသစ်ကို သေချာပြုပြင်မွမ်မံပြီးတော့ ဖွင့်လှစ်ထားတာဆိုတော့ အများကြီးဂုဏ်ယူပါတယ်။ အခုလည်း ဝင်တော့မကြည့်ရသေးဘူးပေါ့နော်။ ဒါပေမယ့် အပြင်ကကြည့်ရသလောက်ကတော့ လုံးဝပုံစံတွေလည်း ပြောင်းသွားတယ်ဆိုတော့ အခုခေတ်လူငယ်တွေပိုစိတ်ဝင်စားမယ့် Display မျိုးဖြစ်လိမ့်မယ်လို့ ညီမမျှော်လင့်ပါ တယ်။အခုလိုမျိုး သမိုင်းအမွေအနှစ်ရှိတဲ့ ရုပ်ပြတိုက်မှာ ညီမပါဝင်ခွင့်ရလို့ အများကြီးဂုဏ်ယူမိပါတယ်။ ကလေးသရုပ်ဆောင်ဆုရခဲ့လို့လဲ ဒီလိုမျိုးနေရာမှာ ရှိခွင့်ရခဲ့တာပေါ့နော်။ ညီမတို့လူငယ်တွေတော်တော်များက မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်ရင်အထင်သေးတယ်ကြတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ရှေးခေတ်ကို မမှီလိုက်ဘူးလေ။ ၂၀၀၀ နောက်ပိုင်းမွေးတဲ့ ညီမတို့လူငယ်တွေဆိုရင် ရုပ်ရှင်ခေတ်အရမ်းကြီး ကောင်းတဲ့အချိန်မှာ မကြီးပြင်းလာတဲ့အတွက် မြန်မာ့ရုပ်ရှင်နဲ့ပတ်သက်ပြီး တချို့တွေဆို အထင်အမြင်လွဲ တာတွေ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ရုပ်ရှင်သမိုင်းပြတိုက်ကို လာကြည့်လိုက်တယ်ဆိုရင်တော့ အရင်တုန်းက ကောင်းတဲ့ သမိုင်းတွေရှိခဲ့ပါလား၊ ဂုဏ်ယူစရာကောင်းတဲ့ ပညာရှင်ကြီးတွေရှိခဲ့ပါလားဆိုတာ ပြန်လေ့လာခွင့်ရမှာပေါ့နော်။ အဲ့အတွက်ကြောင့် ညီမကတော့ အကုန်လုံးကို ဖိတ်ခေါ်ချင်ပါတယ်။

ရုပ်ရှင်သမိုင်းပြတိုက်နဲ့ပတ်သက်ပြီး

ရုပ်ရှင်သမိုင်းပြတိုက်ဆိုတာကတော့ နိုင်ငံတကာမှာဆိုရင် ကြီးကြီးကျယ်ကျယ် အရမ်းကိုဂုဏ်ယူပြီးတော့ ထိန်းသိမ်းထားတဲ့နေရာတစ်ခုပေါ့နော်။ ညီမတို့နိုင်ငံမှာဆိုရင်လည်း သမိုင်းဝင်တဲ့နေရာလို့ ပြောလို့ရတာပေါ့နော်။ အခုလိုနေရာမှာ ညီမကို ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အသိအမှတ်ပြုပေးခြင်းခံရတဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်။ ညီမကိုယ်တိုင်လည်း ရှေ့ဆက်ဖို့ အများကြီးအားအင်တွေရပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲမှာ ကလေးသရုပ်ဆောင်တွေကို အကယ်ဒမီရစေချင်လား

အခုခေတ်နောက်ပိုင်းကလေးတွေကလေ အရမ်းအရည်အချင်းရှိပါတယ်။ သူတို့ အရည်အချင်းရှိတယ်ဆိုတာ ပရိသတ်လည်းလက်ခံတယ်။ နိုင်ငံတကာကလည်း လက်ခံတယ်။ ဆိုတော့ ညီမတို့နိုင်ငံက ကလေးသရုပ်ဆောင်တွေကိုလည်း ဆုရစေချင်ပါတယ်။လိပ်ပြာစံအိမ် ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ကလေးသရုပ်ဆောင်ရဲ့ ဇာတ်ဝင်ခန်းတွေပေါ်အမြင်ကအဲ့ကားထဲက ကလေးသရုပ်ဆောင်ရယ်လို့တော့ မဟုတ်ပါဘူး။ နောက်မျိုးဆက်သစ် ကလေးသရုပ်တွေက အများကြီးအားရစရာကောင်းပါတယ်။ ပိုတော်လာတယ်လို့လည်း ခံစားရပါတယ်။

အခုနောက်ပိုင်း ကလေးသရုပ်ဆောင်တွေများလာတဲ့အပေါ်

ညီမတို့တုန်းကတော့ တော်တော်ကိုနည်းပါတယ်။ လက်ချိုးရေလို့တောင်ရတယ်ပေါ့နော်။ ညီမတို့ ကိုဟဲဗီးဖြိုးတို့၊ အိစိကွေးတို့ပေါ့နော်။ အပေါ်က လူကြီးတွေသာပြောင်းသွားတယ်။ ညီမတို့က မပြောင်းဘူးပေါ့နော်။ ဆိုတော့ ပရိသတ်တွေကြည့်တာ ရိုးမလားလို့တောင်ခံစားရတယ်။အခုကကျတော့ ကလေးသရုပ်ဆောင်တွေ အများကြီးပေါ်လာပြီ။ ပြီးတော့ အရည်အချင်းလည်းရှိကြတယ်ဆိုတော့ ပရိသတ်တွေအတွက် အသစ်သစ်တွေ ခံစားလို့ရတာပေါ့နော်။ ညီမကတော့ အဲ့ပုံစံမျိုးကို ပရိသတ်ပိုကြိုက်မယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ Source – Sunday