စစ် ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အင်ပင်ရေ ကျေးရွာတွင် တောထဲ နွားကျောင်းသွားသည့် အမျိုးသမီးတစ်ဦး မီးရှို့ အ သတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရေဦးမြို့မရဲစခန်း မှ သိရသည်။

ဖေေ ဖ်ာဝါရီလ ၁၁ ရက်က အင်ပင်ရေကျေးရွာမှ အနောက်မြောက်ဘက်ရှိ ရေပြာပေါက်ကုန်းယာတဲရှိ နေအိမ်တွင် နေထိုင်သည့် ဦးတင်လှ၏ သမီးသည် နွားကျောင်းသွားရာမှ ညနေနွားများပြန်လည် ရောက်ရှိချိန်တွင် ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာမှ မီးရှို့အသတ်ခံထားရကြောင်း သိရှိရခြင်း ဖြစ်သည်။

အသတ်ခံရသူ မနီလာအေး (၂၇) နှစ်သည် နေအိမ်ယာတဲ၏ တောင်ဘက် (၄)ဖာလုံခန့် အကွာရှိ နွားစာကျက်ရှိ အင်တိုင်းတော အတွင်း မီးရှို့ခံထားရသည့် ဒဏ်ရာများ ဖြင့် သေဆုံးနေသည်ကို ညနေ ၆ နာရီ အချိန်က ကျေးရွာသားများ၏ အကူအညီဖြင့် ရှာ ဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရေဦးမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ တင်းတိမ်ရံ နယ်မြေရဲစခန်းတွင် (ပ)အမှတ်၆/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ ဖြင့် အမှုဖွင့် ထား ပြီး တရာခံကို ဖမ်းဆီးရမိရေး ဆက်လက်ရှာဖွေဆဲ ဖြစ်ကြောင်း ရေဦးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကုန်သိ