ဝူ ဟန်ဗိုင်းရပ်စ်အတွက်တစ်ကမ္ဘာလုံးအာရုံနောက်နေချိန်မှာနိုက်ဂျီးရီးယားမှ​​ရောဂါတစ်မျိုးထပ်ပေါ်လာခဲ့ပြီလို့သိရပါတယ်။ အဆိုပါနိုင်ငံမှာထူးဆန်းတဲ့အဖျားရောဂါကြောင့်အခုဆိုရင်​သေဆုံးသူ(၁၅)ဦးအထိရှိသွားခဲ့ပြီလို့သိရပါတယ်လူ(၁၀၀)ကျော်ကူးစက်ခံထားရပြီးဘာရောဂါလည်းအတည်မပြုနိုင်သေးပါဘူး ဒီအကြောင်းကို The Independent The Sun News Online နဲ့ The Guardian Nigeria သတင်းစာတွေမှာအကျယ်တဝင့် ဖော်ပြထားပြီး Benue ပြည်နယ်ကနေစတင်ပျံ့နှံ့ခဲ့တာလို့သိရပါတယ်လက်ရှိအချိန်ထိ ဒီရောဂါဘာဆိုတာမသိရသေးပါဘူး။

သံသယလူနာ(၁၁၅)ယောက်မှာ(၁၅)ယောက်အထိ​သေဆုံးထားပြီဖြစ်လို့ပျမ်းမျှအားဖြင့်ဝူဟန်ဗိုင်းရပ်စ်ထက်တော​ကြောက်ဖို့ကောင်းနေတယ်လို့ယူဆရမှာပါပြင်းထန်အဖျားရောဂါဟာဘယ်လောက်အထိ ကြောက်စရာကောင်းသလဲဆိုကူးစက်ခံရသူကို (၄၈)နာရီအတွင်းပင်​သေစေနိုင်ပါတယ်တဲ့နိုက်ဂျီးရီးယားကျန်းမာရေးဝန်ကြီး Osagie Ehanire ကတော့အခုပြင်းထန်အဖျားရောဂါဟာအီဘိုလာလက်ဆာအဖျားရောဂါတွေနဲ့တူညီမှုမရှိကြောင်းအတည်ပြုခဲ့ပြီ​ရောဂါလက္ခဏာတွေကလည်း ဝူဟန်ဗိုင်းရပ်စ်နဲ့ကွာခြားမှုတွေရှိနေတယ်လို့ဆိုပါတယ်။

အခုပြင်းထန်အဖျားရောဂါဟာ​အော့အန်ခြင်းအဆစ်အမြစ်များ ရောင်ရမ်းခြင်းနဲ့အပြင်းအထန်ဝမ်းလျှောခြင်းတွေပါဝင်တယ်လို့ သိရပါတယ်Osagieရဲ့ထုတ်ပြန်မှုမှာအခုအခြေအနေကို Nigerian Centre for Disease Control (NCDC) ကအမြန်ဆုံးတုန့်ပြန်ဖြေရှင်းနေတယ်လို့ဆိုထားပါတယ်။

လင်းဇော်ကို (D Nae Khit)