ကျမကလေယာဉ်မှုးကြီးဦးခုပ်ခန့်မုံရဲ့ဇနီးပါ

ရေးသင့်တဲ့အချိန်ရောက်ပြီမို့ အသိအမှတ်ပြုပေးကြသူအားလုံးကိုလေးစားစွာဖြင့်ရေးပါတယ်။နောက်တခုကနိုင်ငံခြားရောက်နေတဲ့မိဘလိုဖြစ်နေတဲ့ဆွေမျိုးစုဝင်တွေရဲ့သတင်းအမှားတွေကိုအမှန်သိစေခြင်ပါတယ်။

ဖေဖော်ဝါရီ လ၁ရက်နေ့မတိုင်ခင်တရက်ကြိုစောပြီးဝူဟန်မှကျောင်းသားတွေသွားခေါ်ရမည်၂ပါတ်စာပြင်ပေးထားပါလို့ဆိုတာနဲ့ကျမနဲ့ကျမသမီးတို့suitcaseကိုထည့်စရာရှိတာထည့်ကြပါတယ် ဒီတခါတော့အရင်ခရီးထွက်တာလိုမဟုတ်ပဲတအိမ်လုံးစိတ်နေစိတ်ထားကစပြင်ကြရတာပါ

တအိမ်လုံး စ ပြောဖြစ်တာက Virusအကြောင်းကျမသားအကြီးဆုံးကဆရာဝန်ပါသူကအခြားvirusတွေလို၂ပါတ်မြောက်ထိဂရုစိုက်ဖို့လိုအပ်သန့်စင်ဆေးရည်vitamin cစတဲ့လိုအပ်တာတွေဝယ်မှာစရာရှိတာမှာပါတယ်

ဝူဟန်ရောက်ကျောင်းသားတွေအတွက်တနည်းလက်ခံထားတဲ့နိုင်ငံခြားမှာ ကျောင်းသား တွေအတွက်Saveဖြစ်နိုင်မည့် သံ ရုံးအစီအမံကျောင်းသားရေးရာစောင့်ရှောက်မူ့စသည်တို့ကိုလဲဆွေးနွေးဖြစ်ပါတယ်

သွားခေါ်ဖို့နက်ဖြန်ခါနေ့လည်အတိအကျပြောရရင်ဖေဖော်ဝါရီ လတရက်နေ့နေ့လည်မှာအစီအစဉ်ပြောင်းသွားပြီရန်ကုန်မြို့ ကိုလေယာဉ်ပြန်လာရမည်ဆိုတာပါပဲ

အဲ့တော့တအိမ်လုံး Home quarantine လုပ်ရမည်ဆိုတာနဲ့တပြိုင်နက်တည်းကျမခင်ပွန်းအတွက်အခန်းကိုပြင်ရပါတယ်သူအိပ်နေကြအခန်းကိုပိုးသတ်ရပါတယ်လိုအပ်မည့်အဖျားတိုင်းတံကအစMask အဆုံးပြင်ဆင်ထားပေးပါတယ်၃ပေအကွာကစကားပြောဖို့အားလုံးလိုက်နာရပါတယ်

ထမင်းဟင်းအခန်း ဝကလှမ်းပေးရပါတယ် အစစ သားကြီးရဲ့ညွှန်ကြားချက်အတိုင်းပါလေယာဉ်ပေါ်အဝတ်အစားအားလုံး Shoe ကအစအားလုံးပြန်လာကတည်းကမီးရှု့်ဖျက်ဆီးပြီးပါပြီ

ကျမတို့အိမ်ပြန်ရောက်တဲ့အခါအခြားအဝတ်အစားတွေကို ပိုးသတ်ရပါတယ်ခုချိန်ထိအဖျားနေ့စဉ်သုံးကြိမ်တိုင်းပါတယ်သူ့ဖာသာတိုင်းပါတယ် ကျမတို့ကအစားအဟာရပြည့်စုံဖို့အိပ်ရေး ဝဖို့လမ်းလျောက်ဖို့ဝမ်းမချုပ်ဖို့ဂရုစိုက်ပေးရပါတယ်ကျန်းကျန်းမာမာပါပဲ

လေယာဉ်ရဲ့နောက်ခန်းမှာဝူဟန်ကျောင်းသား၆၃ဦးမှာ ၅၉ဦးသာပါလာပါတယ် ကျန်၎ဦးက အပူချိန်တက်နေတာနဲ့ Chinaတာဝန်ရှိသူများက၂ကြိမ်စက်ကိုဖြတ်စေသော်လည်းPassမဖြစ်တာနဲ့ကျန်ခဲ့ရရှာပါတယ် အလွန်စိတ်ထိခိုက်ရပါတယ်

လေယာဉ်နောက်ခန်းမှာကျောင်းသူကျောင်းသားတွေနဲ့တိုက်ရိုက်ထိတွေ့ရတဲ့

အင်ဂျင်နီယာဦးအောင်ဇင်

လေယာဉ်မောင်ချုပ် ဦးသန်းကျော်ဌေး

အင်္ကြးတန်းလေယာဉ်မောင် ကိုဝလာဝင့်

အကြီးတန်းလေယာဉ်မောင် ကိုရဲမြတ်အောင်နင့်လေယာဉ်မောင်ကိုအာကာလင်းတို့အားလုံး၅ဦးကဝေဘာဂီဆေးရုံမှာ Hospital Quarantine ပါ

အဝေးရောက်အမ်ျုးတို့ကြားသလိုသတင်းအမှန်မဟုတ်ပါဘူးဆေးရုံမှာကျန်းကျန်းမာမာရှိပါတယ် ကျမပုံလေးတွေတင်ပေးပါ့မယ်

ပထမဦးဆုံးအသိအမှတ်ပြု အားပေးသူက မန်းကပါဒေါ်နန်းသန်းသန်းထွေးထင်ပါတယ်နောက်သံလွင်ကိုယ်ပိုင်အထက်တန်းကျောင်းကကျောင်းသားကျောင်းသူများ

On lineပေါ်ကအသိအမှတ်ပြုသူများမိတ်ဆွေများကိုယ်ချစ်ရတဲ့မေတ္တာပို့သူအားလူံး Regardless of races and religious ပါကျေးဇူးတင်ပါတယ်အထူးကိုကျေးဇူးတင်ပါတယ်

အသိအမှတ်ပြုသူတိုင်းကနှလုံးသားကလာတဲ့ကိုယ်ချင်းစာစိတ်ကြောင့်ပါ

ကိုယ်တိုင် အားပေးခြင်ကြရင်ကျမဖုံးနံပါတ် တောင်းပေးပါ့မယ်သတင်းအမှားသာဖြစ်ပါတယ်အားလုံးကျန်းကျန်းမာမာရှိကြောင်းပါရှင်

၁၁ .၂.၂၀၂၀
ည ၂နာရီ ၁၅မိနစ်

Credit: Thida Tun