ရက်စ က်လိုက်တာနော် …။





#ကောင်းဆက်

Unicode

(၁၃)နှစ်သမီးလေးဗိုက်ပူနေလို့ အကိုကဆေးခန်းလိုက်ပြလိုက်ရာ ကိုယ်ဝန်(၆)လရှိနေ

ရက်စက်လိုက်တာနော် …။

မော်လမြိုင်မြို့ ကြားအင်းကျေးရွာတွင် ဖခင်ဖြစ်သူမှ သားမယားပြုကျင့်ရာ (၁၃)နှစ်သမီးတွင် ကိုယ်ဝန်ရရှိနေခဲ့ပါတယ် …။

မော်လမြိုင်မြို့ ကြားအင်းကျေးရွာ မြောက်ခရွန်းရပ်နေ မ-(၁၃)နှစ်၊ ဗမာ/ဗုဒ္ဓ၊ သတ္တမတန်း သည် ယင်း၏ အကိုဖြစ်သူ နေထိုင်သည့် တောင်ခရွန်းရပ် ကြာအင်းကျေးရွာသို့ ဖေဖဝါရီ(၄)ရက်နေ့တွင်အလည် သွားရာ အကိုဖြစ်သူမှ မ——၁၃ နှစ်တွင် ဗိုက်ပူနေသည်ကို သတိထား တွေ့ရှိရ၍ ရခိုင်ကုန်းရပ်ရှိ ချမ်းမြေ့ဂုဏ်ဆေးခန်းသို့ သွားရောက် ပြသရာ …၊

မ —— (၁၃)နှစ်တွင် ကိုယ်ဝန်(၆)လရှိနေသည်ကို သိရှိရသဖြင့် မေးမြန်းရာလွန်ခဲ့သော(၇)လခန့် နေ့ရက်(မမှတ်မိ) နေ့များတွင် တစ်အိမ်တည်းနေ ဖခင်အရင်းဖြစ်သူ ဦး အောင်(အမည်လွဲ)(၃၉)နှစ်၊ မွန်/ဗုဒ္ဓ မြောက်ခရွန်းရပ်၊ ခရွန်းဘုရားလမ်း၊ ကြာအင်းကျေးရွာ၊ နေသူမှ နေအိမ် အတွင်းတွင် သားမယားအဖြစ်(၄၊၅)ကြိမ်ခန့် ပြုကျင့်ခဲ့ဖူးကြောင်း ပြောပြ သိရှိရသဖြင့် …၊

ညီမတော်စပ်သူ မ-၁၃နှစ်အားသားမယား အဖြစ်ပြုကျင့်ခဲ့သော ဖခင်အရင်းဖြစ်သူ ဦးအောင်အား အရေးယူပေးပါရန် ၂ဝ၂ဝ ဖေ ၁၁ရက် ၁၃ဝဝအချိန် တရားလိုပြုလုပ် တိုင်ကြားသဖြင့် နမစ(မုပွန်)(ပ)၂၂၆/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊အရ အမှုရေးဖွင့်ပြီး မုပွန်နယ်‌‌မြေရဲစခန်းမှူးမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိခဲ့ပါတယ် …။

#ကောင်းဆက်