ယေ န ့(ေဖေဖာ္ဝါရီ ၁၂) ညေန ၃း၃၀ နာရီခန့် တွင် မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ ဖေ့စဘွတ် စာမျက်နှာမှ ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းနှင့် အခြားဗိုင်းရပ်စ်များကြောင့် သေဆုံး နှုန်းများကို နှိုင်းယှဉ်ကာ ဖော်ပြခဲ့ခြင်းဖြစ်သည်။

တ ရုတ်သံရုံး၏စာမျက်နှာမှ ဖော်ပြထားမှုအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးနှုန်းသည် ၂.၁% သာရှိသည် ဟု ဖော်ပြထားသည်။

ယေ န့ (ဖေဖော်ဝါရီ ၁၂) ရက် လက်ရှိ အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံရှိ လူပေါင်း ၄၅,၁၇၂ ဦးတွင် ကူးစက်ဖြစ်ပွားနေကာ သေဆုံးသူ ၁,၁၁၅ ဦးရှိနေသည်။ ထိုကဲ့သို့ ကူးစက်/သေဆုံးသူများအနက် မှ အားလုံးနီးပါးမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ကူးစက်ဖြစ် ပွားသူ ၄၄,၆၅၃ ဦးရှိကာ သေဆုံးသူ ၁,၁၁၃ ဦးရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်သည့်အဆုတ်ရောင်ရောဂါသည် ကြောက်မက်ဖွယ်ရာမကောင်းပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းဟာ (၂.၁) ရာခိုင်နှုန်းသာရှိပြီး အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းဟာ (၄၀.၄) ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါအပြင် SARS ရောဂါကြောင့်သေဆုံးနှုန်းဟာ ၁၀ ရာခိုင်နှုန်းရှိပြီး ၊ MERS ရောဂါကြောင့် သေဆုံးနှုန်းဟာ (၃၄.၄)ရာခိုင်နှုန်းရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ရာသီတုပ်ကွေးရောဂါ [Seasonal Influenza A (H1N1)] ကြောင့် သေဆုံးနှုန်းဟာ (၁၇.၄) ဖြစ်ကာ အမေရိကန်ရာသီတုပ်ကွေး ကူးစက်သူပေါင်း သိန်း (၁၉၀) ရှိခဲ့ပြီး အနည်းဆုံး လူဦးရေ ၁ သောင်း သေဆုံးသောကြောင့် သေဆုံးတဲ့ လူဦးရေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်တဲ့အဆုတ်ရောင်ရောဂါထက် ပိုပြင်းထန်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

Credit-Blacker