ရွှေနှ စ်ရွှေအတွဲလေးကတော့ အနုပညာအလုပ်တွေနဲ့မအားနိုင်အောင် လုပ်နေကြရတဲ့ နာမည်ကြီးဆယ်လီအိမ်ထောင်ရှင်စုံတွဲလေးတစ်တွဲပါပဲနော် ..။ ပရိသတ်တွေရဲ့ ချစ်ခြင်းမုန်းခြင်းတွေ ရရှိနေပေမယ့် အနုပညာအလုပ်နဲ့အရည်အချင်းတွေမှာတော့ သူမတူတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြတဲ့သူတွေလို့ပြောရမှာပါ..။ နှစ်ယောက်စလုံးဟာ အနုပညာအလုပ်တွေမှာ သူမတူအောင် တော်တဲ့သူတွေဖြစ်ပြီး ခံစားချက်နဲ့ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်..။

ရွှေ ထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဆောင်သတင်းဟာ ပရိသတ်တွေကြားမှာ အံ့အားသင့်ဆုံးဖြစ်ခဲ့တဲ့ မင်္ဂလာသတင်းလို့ပြောရင်မှားမယ်မထင်ပါဘူးနော်..။ ရွှေနှစ်ရွှေအတွဲလေးဟာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကအပျောက်မခံနိုင်အောင် ချစ်ကြတာကြောင့် ပရိသတ်တွေက အရိုစုံတွဲလို့ နာမည်ပေးရတဲ့အထိကို ရိုကြတဲ့သူတွေပါ..။

လက်ရှိမှာ “ကမ်း” ရုပ်ရှင်ဇာတ်ကားကြီးကို အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်သရုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်..။ မအားမလပ်နိုင်အောင် ဖြစ်နေကြပေမယ့် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှာတော့ ရှုတင်လေးနားတုန်း ရွှေထူးရဲ့ မိခင်ဆီကို ထမင်းလေးသွားစားခဲ့ကြတဲ့ပုံလေးကို “ရူတင် ခနနားတုံး လေးအမေအိမ်ထမင်းလာစားကြသော သားကြီး နဲ့သမီး ချွေးမ” ဆိုပြီး ရွှေထူးရဲ့မိခင်ဖြစ်သူမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်နော်..။

Credit – Cele Connections