လူကြမ်း သရုပ်ဆောင် ဟန်မြင့်ရဲ့သားလေး မောင်ဇော်နိုင်ထွန်းကတော့ မြန်မာစာနဲ့ ဇီဝဗေဒဘာသာရပ်တို့မှာဂုဏ်ထူးထွက်ခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့လူကြမ်းသရုပ်ဆောင်ဟန်မြင့်ဟာသူရဲ့သားလေးကိုအနုပညာလုပ်အားခနဲ့ အကြော်ရောင်းတဲ့မိန်းမရဲ့ ဝင်ငွေလေးကို စုပြီးတော့သားကို ကျောင်းထားနေတယ်လို့သိရပါတယ်ရုပ်ရှင်လောကမှာ ဝင်ငွေနည်းပါးကြလို့စားဝတ်နေရေး ခက်ခဲကြရသလို နှစ်စဉ်ချီးမြင့်နေတဲ့ အကယ်ဒမီဆိုတဲ့ ထူးချွန်ဆုတွေမှာလည်း သူတို့ဇာတ်ရုပ်အတွက် မျက်နှာသာအပေးမခံရရှာပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာဇာတ်ကားတွေမှာမပါမဖြစ်တဲ့ အနုပညာသည်တွေပဲ ဖြစ်ပါတယ်။

မြန် မာ့ရုပ်ရှင်လောကမှာ ဇာတ်ကားတစ်ကား ကောင်းမွန်ဖို့အတွက် ပံ့ပိုးပေးနေတဲ့ လူကြမ်း အနုပညာရှင်တွေရှိကြပါတယ်။ သူတို့ဟာမစို့မပို့ဝင်ငွေလေးနဲ့ ပြင်ပဘဝမှာမိသားစုစားဝတ်နေရေးတွေကို ဖြေရှင်းပေးနေရတဲ့သူတွေ ဖြစ်ကြပါတယ်။

ပရိသတ်ကြီးအတွက် လူကြမ်းသရုပ်ဆောင် ဟန်မြင့်နဲ့သားဖြစ်သူအင်ဂျင်နီယာ ကျောင်းသား ဇော်နိုင်ထွန်းတို့ မိသားစုရဲ့ ပုံရိပ်လေးတွေဖော်ပြပေးလိုက်ပါတယ်နော်။