မိုးေကာင္းၿမိဳ႕နယ္အ တြင္း KIA အဖြဲ႕ႏွင့္ ပတ္သက္ဆက္ႏႊယ္သူႏွစ္ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းေဖာ္ၿပ ထားသည္။ထားသည္။

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္အတြင္း ဒီဇင္ဘာ ၁၅ ရက္ နံနက္ ၁၁ နာရီခန႔္တြင္ ေရႊဘို-ျမစ္ႀကီးနား ကားလမ္းေပၚ၌ မိုးေကာင္းၿမိဳ႕မွ ျမစ္ႀကီးနားၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာေသာ လိုင္စင္မဲ့ဆိုင္ကယ္ တစ္စီးတိမ္းေမွာက္ေနေၾကာင္း သိရွိရသျဖင့္ နယ္ေျမခံတပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္၍ စိစစ္ရာ မိုးေကာင္းၿမိဳ႕၊ လမ္းခြေက်းရြာ ေနသူမ်ားျဖစ္သည့္ ဦးဂမ္ေရွာင္(ဘ) ဦးေနာ္ဂ်ာ၊ ဦးေခါင္လြမ္း(ဘ) ဦးဇယ္ေဟာင္ႏွင့္ မိုးေကာင္းၿမိဳ႕နယ္၊ နတ္ႀကီးကုန္းရပ္ကြက္၊ ေပ်ာ္လင့္အုပ္စုေန ဦးကရိုင္ဆန္ေအာင္(ဘ) ဦးကရိုင္ဘရန္တို႔ သုံးဦး စီးနင္းလာသည့္ ဆိုင္ကယ္ ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါသုံးဦးအား တာဝန္ရွိသူမ်ားက မသကၤာသျဖင့္ စိစစ္ရွာေဖြရာ ၎တို႔ထံမွ လက္ထိပ္တစ္ခုေတြ႕ရွိခဲ့ၿပီး ဆက္လက္ေမးျမန္းရာ ဦးဂမ္ေရွာင္ႏွင့္ ဦးေခါင္လြမ္း တို႔ႏွစ္ဦးက ဦးကရိုင္ဆန္ေအာင္အား ေမွာ္အတြင္းသို႔ အလုပ္သြားမည္ ဟုေျပာကာ ေခၚဆိုခဲ့ျခင္းျဖစ္ၿပီး ၎တို႔ႏွစ္ဦးသည္ မူးယစ္ေဆးဝါး ပိတ္ပင္တားဆီးေရး အဖြဲ႕(တရားမဝင္အဖြဲ႕)မွ ျဖစ္ေၾကာင္းႏွင့္ KIA အဖြဲ႕ႏွင့္ ပတ္သက္ဆက္ႏႊယ္သူမ်ား ျဖစ္ေၾကာင္း သိရွိရသျဖင့္ လိုအပ္သည့္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ရန္အတြက္ သက္ဆိုင္ရာသို႔ အပ္ႏွံ၍ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း လည္း သိရသည္။The Ladies News

Unicode

မိုးကောင်းမြို့နယ်အ တွင်း KIA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူနှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းဖော်ပြ ထားသည်။ထားသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်၌ မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးတိမ်းမှောက်နေကြောင်း သိရှိရသဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်၍ စိစစ်ရာ မိုးကောင်းမြို့၊ လမ်းခွကျေးရွာ နေသူများဖြစ်သည့် ဦးဂမ်ရှောင်(ဘ) ဦးနော်ဂျာ၊ ဦးခေါင်လွမ်း(ဘ) ဦးဇယ်ဟောင်နှင့် မိုးကောင်းမြို့နယ်၊ နတ်ကြီးကုန်းရပ်ကွက်၊ ပျော်လင့်အုပ်စုနေ ဦးကရိုင်ဆန်အောင်(ဘ) ဦးကရိုင်ဘရန်တို့ သုံးဦး စီးနင်းလာသည့် ဆိုင်ကယ် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသုံးဦးအား တာဝန်ရှိသူများက မသင်္ကာသဖြင့် စိစစ်ရှာဖွေရာ ၎င်းတို့ထံမှ လက်ထိပ်တစ်ခုတွေ့ရှိခဲ့ပြီး ဆက်လက်မေးမြန်းရာ ဦးဂမ်ရှောင်နှင့် ဦးခေါင်လွမ်း တို့နှစ်ဦးက ဦးကရိုင်ဆန်အောင်အား မှော်အတွင်းသို့ အလုပ်သွားမည် ဟုပြောကာ ခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေး အဖွဲ့(တရားမဝင်အဖွဲ့)မှ ဖြစ်ကြောင်းနှင့် KIA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူများ ဖြစ်ကြောင်း သိရှိရသဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လည်း သိရသည်။The Ladies News