ျမတ္ စြာဘုရားရွင္လက္ထက္က
(၁)ေခမာမိဖုရားႀကီး
(၂)ဘုရားရွင္၏ခမည္းေတာ္ သုေဒၶါဒနမင္းႀကီးႏွင့္
(၃)သႏၲတိအမတ္ႀကီးတို႔သည္ လူဝတ္ႏွင့္ပင္ရဟႏၲာျဖစ္ခဲ႔ၾကပါသည္။
လူဝတ္ လူစားသည္ ျမတ္ေသာအရဟတၱဖိုလ္၏အရွိန္အဝါကုိ မခံႏိုင္ပါ။
သုိ႕ျဖစ္၍ ရဟႏၲာျဖစ္ေသာေန႕မွာပင္ ပရိနိဗၺာန္ျပဳ ၾကေပသည္။
သုေဒၶါဒနမင္းႀကီး ၊သႏၲတိအမတ္ႀကီးတို႔သည္လူဝတ္ႏွင့္ပင္ပရိနိဗၺာန္ျပဳၾကရသည္။
ေခမာမိဖုရားႀကီးသည္ ရဟႏၲာျဖစ္ေသာေန႔မွာပင္ ဘိကၡဳနီ ျပဳသည္။
ေခမာမိဖုရားႀကီးသည္လက္ယာေတာ္ရံ ပညာဧတဒဂ္ရ ေခမာေထရီဟု ထင္ရွားရေပသည္။
ေသာတာပန္ ၊ သကဒါဂါမ္ ႏွင့္ အနာဂါမ္ပုဂၢိဳ လ္တို႔ကားလူဝတ္ႏွင့္ပင္ သက္တမ္းကုန္သြားၾကေလသည္။
လူအသြင္ ႏွင့္ ရဟႏၲာျဖစ္သူမ်ား´
(၁)သုေဒၶါဒနမင္းႀကီး
(၂)ဥဂၢေသန
(၃)သႏၲတိအမတ္ႀကီး
(၄)ဒါရုစိရိယပရိဗုိဇ္
(၅)ဝီတေသာကလုလင္ တို႔ျဖစ္ၾကေပသည္။
`အဇာတသတ္ ႏွင့္ ပေစၥကဗုဒၶါဆု´
အဇာတသတ္သည္ ယခုေဂါတမဘုရားရွင္ သာသာနာကုန္ဆုံးျပီးေနာင္အခါ
အရိေမေတၱယ် ဘုရားရွင္ မပြင့္မီ ဤဘဒၵကမ႓ာ၌ပင္ `ဝိဇိတာဝီ´အမည္ျဖင့္
(ပေစၥကဗုဒၶါ ) ျဖစ္ရမည့္သူတစ္ဦးလည္း ျဖစ္သည္ဟုဆိုပါသည္။
`ေဒဝဒတ္ ႏွင့္ နိဗၺာန္လက္မွတ္´
ေဒဝဒတ္ေျမမ်ိဳေသာအခါျမတ္စြာဘုရားကုိ မိမိ၏အရိုးတို႔ျဖင့္ပူေဇာ္ပါ၏ဟု
ဝန္ခ်ပူေဇာ္သြားခဲ႔ပါသည္။
ထုိ႔ေၾကာင့္ “ေဒဝဒတ္သည္ ေနာင္အခါ `အ႒ိႆရ´ မည္ေသာ ပေစၥကဗုဒၶါျဖစ္လိမ္႔မည္ဟုဗ်ာဒိတ္ေပးေတာ္မူခဲ႔ပါသည္။
ထုိ႔ေၾကာင့္လူအမ် ားသည္ ေဒဝဒတ္လုိလူမိုက္ဟုဥပမာေပးေနၾကေသာ္လည္း
ေဒဝဒတ္သည္အခ်ိန္ကာလအားျဖင့္ၾကာမည္ျဖစ္ေသာ္လည္း
နိဗၺာန္ဝင္ရန္လက္မွတ္ ရၿပီးျဖစ္ေပသည္။
ကြ်ႏု္ပ္တို႔မွာမူ ဘယ္ခ်ိန္ဘယ္ကာလဟု
သတ္မွတ္ခ်က္နိဗၺာန္ဝင္လက္မွတ္မရေသးပါ။
ထို႔ေၾကာင့္ ဘယ္သူကပုိမိုက္ပါသလဲလို႔အေျဖ႐ွာၾကပါစို႔လား
Credit သီရိသေျပ
Unicode
ဲမြတ်စွာဘုရား လက်ထက်တုန်းက`လူဝတ်နှင့်ရဟန္တာ ဖြစ်ကြသူများ´
မြတ်စွာဘုရားရှင်လက်ထက်က-
(၁)ခေမာမိဖုရားကြီး
(၂)ဘုရားရှင်၏ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်
(၃)သန္တတိအမတ်ကြီးတို့သည် လူဝတ်နှင့်ပင်ရဟန္တာဖြစ်ခဲ့ကြပါသည်။
လူဝတ် လူစားသည် မြတ်သောအရဟတ္တဖိုလ်၏အရှိန်အဝါကို မခံနိုင်ပါ။
သို့ဖြစ်၍ ရဟန္တာဖြစ်သောနေ့မှာပင် ပရိနိဗ္ဗာန်ပြု ကြပေသည်။
သုဒ္ဓေါဒနမင်းကြီး ၊သန္တတိအမတ်ကြီးတို့သည်လူဝတ်နှင့်ပင်ပရိနိဗ္ဗာန်ပြုကြရသည်။
ခေမာမိဖုရားကြီးသည် ရဟန္တာဖြစ်သောနေ့မှာပင် ဘိက္ခုနီ ပြုသည်။
ခေမာမိဖုရားကြီးသည်လက်ယာတော်ရံ ပညာဧတဒဂ်ရ ခေမာထေရီဟု ထင်ရှားရပေသည်။
သောတာပန် ၊ သကဒါဂါမ် နှင့် အနာဂါမ်ပုဂ္ဂို လ်တို့ကားလူဝတ်နှင့်ပင် သက်တမ်းကုန်သွားကြလေသည်။
လူအသွင် နှင့် ရဟန္တာဖြစ်သူများ´
(၁)သုဒ္ဓေါဒနမင်းကြီး
(၂)ဥဂ္ဂသေန
(၃)သန္တတိအမတ်ကြီး
(၄)ဒါရုစိရိယပရိဗိုဇ်
(၅)ဝီတသောကလုလင် တို့ဖြစ်ကြပေသည်။
`အဇာတသတ် နှင့် ပစ္စေကဗုဒ္ဓါဆု´
အဇာတသတ်သည် ယခုဂေါတမဘုရားရှင် သာသာနာကုန်ဆုံးပြီးနောင်အခါ
အရိမေတ္တေယျ ဘုရားရှင် မပွင့်မီ ဤဘဒ္ဒကမ္ဘာ၌ပင် `ဝိဇိတာဝီ´အမည်ဖြင့်
(ပစ္စေကဗုဒ္ဓါ ) ဖြစ်ရမည့်သူတစ်ဦးလည်း ဖြစ်သည်ဟုဆိုပါသည်။
`ဒေဝဒတ် နှင့် နိဗ္ဗာန်လက်မှတ်´
ဒေဝဒတ်မြေမျိုသောအခါမြတ်စွာဘုရားကို မိမိ၏အရိုးတို့ဖြင့်ပူဇော်ပါ၏ဟု
ဝန်ချပူဇော်သွားခဲ့ပါသည်။
ထို့ကြောင့် “ဒေဝဒတ်သည် နောင်အခါ `အဋ္ဌိဿရ´ မည်သော ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မည်ဟုဗျာဒိတ်ပေးတော်မူခဲ့ပါသည်။
ထို့ကြောင့်လူအမျ ားသည် ဒေဝဒတ်လိုလူမိုက်ဟုဥပမာပေးနေကြသော်လည်း
ဒေဝဒတ်သည်အချိန်ကာလအားဖြင့်ကြာမည်ဖြစ်သော်လည်း
နိဗ္ဗာန်ဝင်ရန်လက်မှတ် ရပြီးဖြစ်ပေသည်။
ကျွနု်ပ်တို့မှာမူ ဘယ်ချိန်ဘယ်ကာလဟု
သတ်မှတ်ချက်နိဗ္ဗာန်ဝင်လက်မှတ်မရသေးပါ။
ထို့ကြောင့် ဘယ်သူကပိုမိုက်ပါသလဲလို့အဖြေရှာကြပါစို့လား
Credit သီရိသပြေ