ခဏ တာသာယာမှုအတွက် အပျိုစင်ဘဝကို ချောကလက်နဲ့လဲမစားလိုက်နဲ့နော်

ညီမလေး…..ခဏတာ သာယာမှု အတွက် တစ်ဘဝစာ ထိန်းသိမ်းလာတဲ့ အပျိုစင် ဘဝကို ချောကလက်နဲ့ လဲမစား လိုက်နဲ့နော်

အပျိုစင်ဆိုတာ အလွယ်တကူ တိုင်းတာလို့ရတဲ့ ကိရိယာ မရှိဘူးဆိုပေမယ့် တစ်ဘဝစာတော့ လိပ်ပြာလုံမှာ မဟုတ်ပါ။

အနောက်တိုင်း ယဉ်ကျေးမှုကို အားကျမိရင်တော့ အနောက်တိုင်းလို ကိုတို့နိုင်ငံက လက်မခံ တတ်ကြဘူးလေ…

လူ့သဘာဝက အသစ်အသစ် တွေကိုပဲ စိတ်ဝင်စားတတ်ပီး ဟောင်းနွမ်း ရိုးအီ သွားရင်တော့ ချောင်ထိုးသွား တတ်တယ်။

မျက်နှာသုတ်ပုဝါ တစ်ထည်ကို ဘယ်သူကမှ မီးဖိုချောင်မှာ လက်နှီးစုတ် အဖြစ် မသုံးကြသလို လက်နှီးစုတ် ကိုလည်း မျက်နှာသုတ်ပုဝါ နေရာမှာ မသုံးကြပါဘူး။

ပတ္တမြား ကျောက်စီဓါးလို ဧည့်ခန်းမှာ တင့်တယ်ချင်ရင် ရှိသင့်တဲ့ တန်ဖိုးတော့ ရှိနေမှ တင့်တယ်မှာပါ…

ညစ်ပေနေတဲ့ အဝတ်အစားကို လျှော်ဖွပ်လို့ ရပေမယ့် ညစ်ပတ်သွားတဲ့ ဂုဏ်သိက္ခာကိုတော့ အလွယ်တကူ လျှော်ဖွပ်လို့ မရတဲ့အပြင် မျိုးဆက်သစ်တွေကိုပါ အရောင် စွန်းထင်းသွားစေ နိူင်ပါတယ်။

မသေချာတဲ့ ကံတရားကို ယုံကြည်ပီး ချစ်တဲ့သူကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတစ်ခုကြောင့် လက်နှီးစုတ် ဘဝကို ရောက်သွားနိုင်ပါတယ်။

အိုင်ထဲက ရေကို သောက်ရေ အဖြစ် မသုံးကြသလို သောက်သုံးရေ ကိုလည်း ခြေ မဆေးတတ် ကြပါဘူး။

ကတိတစ်ခုကို လွယ်လွယ်ပေးပီး အသွေး အသားကို စတေး ခိုင်းရင် လှည့်ပြန်ခဲ့ပါ ညီမလေး အသည်းကွဲလို့ ဘဝ မသေပါဘူး အရှက် ကွဲရင်သာ အသက်ပါ သေသွားနိူင်ပါတယ်။

အသွေးအသားကို ရင်းမှ မေတ္တာစစ် ရမယ်ဆိုရင် မေတ္တာစစ် ရမရတော့ မသေချာပါဘူး ။ သေချာတာ ကတော့ အရှက်နဲ့ ဂုဏ်သိက္ခာ ပွန်းပဲ့ကုန်မှာပါ…

မိန်းကလေး တစ်ယောက်ရဲ့ ဘဝက ဘယ်လောက်ပဲ ပညာတွေ တတ်တတ် ငွေဘယ်လောက်ပဲ ချမ်းသာပါစေ ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် မထိမ်းသိမ်းနိူင်ရင် မတင့်တယ်နိူင်ပါဘူး။

ကိုယ့်တန်ဖိုးကို ဆင်ခြင်တုံ တရားလေးနဲ့ ထိမ်းပီး မေတ္တာစစ်ကို ဂုဏ်သိက္ခာ ရှိရှိ ပြသနိူင်မှ ပတ္တမြား ကျောက်စီဓါးလို ညီမလေးဘဝ ဧည့်ခန်းမှာ တင့်တယ် ပါလိမ့်မယ်။

မေတ္တာဖြင့် အကြံပေးခြင်း ပါ…..။

orgjnal writer

ချစ်သူများနေ့ (သို့) ညီမလေးအတွက် သတိပေးစာ








ညစ်ပေနေတဲ့ အဝတ်အစားကို လျှော်ဖွပ်လို့ ရပေမယ့် ညစ်ပတ်သွားတဲ့ ဂုဏ်သိက္ခာကိုတော့ အလွယ်တကူ လျှော်ဖွပ်လို့ မရတဲ့အပြင် မျိုးဆက်သစ်တွေကိုပါ အရောင် စွန်းထင်းသွားစေ နိုင်ပါတယ်။



ကတိတစ်ခုကို လွယ်လွယ်ပေးပီး အသွေး အသားကို စတေး ခိုင်းရင် လှည့်ပြန်ခဲ့ပါ ညီမလေး အသည်းကွဲလို့ ဘဝ မသေပါဘူး အရှက် ကွဲရင်သာ အသက်ပါ သေသွားနိုင်ပါတယ်။


မိန်းကလေး တစ်ယောက်ရဲ့ ဘဝက ဘယ်လောက်ပဲ ပညာတွေ တတ်တတ် ငွေဘယ်လောက်ပဲ ချမ်းသာပါစေ ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် မထိမ်းသိမ်းနိုင်ရင် မတင့်တယ်နိုင်ပါဘူး။

ကိုယ့်တန်ဖိုးကို ဆင်ခြင်တုံ တရားလေးနဲ့ ထိမ်းပီး မေတ္တာစစ်ကို ဂုဏ်သိက္ခာ ရှိရှိ ပြသနိုင်မှ ပတ္တမြား ကျောက်စီဓါးလို ညီမလေးဘဝ ဧည့်ခန်းမှာ တင့်တယ် ပါလိမ့်မယ်။


orgjnal writer