ဟိုး လွန်ခဲ့တဲ့နှစ်တွေက သွက်သွက်လက်လက်နဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ မော်ဒယ်သရုပ်ဆောင်မလေး စမိုင်းလ်ကတော့ အခုဆိုရင် ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဘဝကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အလှူအတန်းလုပ်ရတာလည်း ဝါသနာပါတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ သူတို့ရဲ့ချွေးနှဲစာလေးနဲ့ တတ်နိုင်သလောက် အမြဲလှူဒါန်းလေ့ရှိတာလည်း တွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ စမိုင်းလ်က ပရိသတ်တွေကြားမှာ အချစ်တတ်ဆုံး ယောကျာ်း ဆိုပြီး နာမည်ကြီးနေတဲ့ ဖြိုးတေဇ ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပြီး အချစ်တတ်ဆုံး ယေကျာ်းတွေထဲမှာ ဖြိုးတေဇက သူမခင်ပွန်းပြီးမှ ဖြစ်ကြောင်း ပြောထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ် တို့ မိသားစု ကဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရာမှ ကြိုးစားအားထုတ်မှုကြောင့် ခုအချိန်မှာ ပြီးပြည့်စုံတဲ့ ဘ၀ကိုပိုင်ဆိုင်ထားပြီး သမီးလေးနှစ်ယောက်နဲ့ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေတာပါ။ စမိုင်းတို့ ဇနှီးမောင်နှံ က တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားသစ္စာရှိရုံသာမက ခေတ်လူငယ်စုံတွဲတွေ လက်မမှီနိုင်လောက်အောင်ပဲ ရိုမန့်တစ်ဆန်တဲ့ ဇနီးမောင်နှံဆိုလည်း မမှားပါဘူး ။စမိုင်းလ် ရဲ့ခင်ပွန်းက လူငယ်စုံတွေတွေ အားကျလောက်အောင် ဇနီးဖြစ်သူ ရဲ့ မွေးနေ့မှာ လေယာဉ်ပေါ်ကနေ Happy birthday ဆိုတဲ့ စာတန်းကြီးနဲ့ Surprise လုပ်ခဲ့တာကြောင့်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တာပါ။

အမြဲတမ်းလိုလိုလည်း တန်ဖိုးကြီး Surprise များနဲ့ ချစ်ဇနီးကို ပျော်ရွှင်အောင်လုပ်ပေးလေ့ရှိပါတယ်။ သူ့ရဲ့ ခင်ပွန်း ရိုမန့်တစ်ဆန်တာက ချစ်သူရည်းစားဘ၀တည်းကလို့လည်း ပြောဖူးပါတယ်။ သမီးလေးနှစ်ယောက် အရွယ်ရောက်နေပေမယ့် စမိုင်းတို့ ဇနီးမောင်နှံ က ညားခါစ ဇနီးမောင်နှံလိုပဲ တစ်ဦးနဲ့တစ်ဦး ချစ်မ၀ ဖြစ်နေကြတာပါ။

ဒီတစ်ခါမှာတော့ စမိုင်းလ်က လတ်တလော ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဖြိုးတေဇ ရဲ့ မင်္ဂလာပွဲ ကို တက်ရောက်ခဲ့တာဖြစ်ပြီး လူအများက အချစ်တတ်ဆုံးယေကျာ်းလို့ သတ်မှတ်ခံနေရတဲ့ ဖြိုးတေဇက သူ့ရဲ့ခင်ပွန်းနောက်မှ လို့ ခုလို ပြောထားတာပါ။ ” ၂၀၂၀ရဲ့အချစ်တတ်ဆုံးယေကျာ်း ( မောင်ပြီးရင်🤣 ) မောင်လေးဖြိုးတေဇနဲ့ညီမလေးသက်နှင်းလှိုင် ရွှေလက်တွဲလို့သက်ဆုံးထိချစ်နိုင်ကြပါစေ 🤵👰🏻” လို့ ပြောထားတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းကသာ အချစ်တတ်ဆုံး ယေကျာ်း လို့ ပြောထားတဲ့ စမိုင်းရဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ် ။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး