ေတာင္ အာဖရိကနိုင္ငံ ကိပ္ေတာင္းၿမိဳ႕က ကမ္းေျခတစ္ခုမွာ ရာနဲ႔ခ်ီတဲ့ ငါးမန္းေပါက္ေတြ ေသာင္တင္ေနလို႔ ေဒသခံေတြဟာ စိုးရိမ္မႈေတြ ျမင့္တက္ေနတယ္လို႔ သိရပါတယ္။ ငါးမန္းေတြဟာ ေခါင္းကေန တိတိရိရိ ျဖတ္ေတာက္ခံထားရၿပီး၊ ဘယ္လိုအေၾကာင္းေၾကာင့္ ဒီလိုျဖစ္ေနတယ္ဆိုတာ မသိရပါဘူး။

ေနာ က္ၿပီး ငါးမန္းေတြရဲ့ ေစ်းအႀကီးဆုံးအပိုင္းေတြျဖစ္တဲ့ အၿမီးယပ္ေတာင္နဲ႔၊ ငါးမန္းဆူးေတာင္ေတြလည္း မပါရွိတဲ့အတြက္ လူေတြရဲ့ပေယာဂေၾကာင့္ ျဖစ္နိုင္တယ္လို႔ပဲ ယူဆရမွာပါ။ ဒီအျဖစ္အပ်က္ဟာ ဒီဇင္ဘာလ(၁၅)ရက္မနက္ေလာက္မွာ ျဖစ္ခဲ့တာလို႔ The Sun က ေဖာ္ျပထားပါတယ္။

အခင္းျဖစ္ရာကို Cape of Good Hope SPCA အဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြကလည္း ဒီကိစၥကို စုံစမ္းေနၿပီး၊ အဓိကအားျဖင့္ေတာ့ တရားမဝင္ စီးပြားျဖစ္ငါးမန္းဖမ္းဆီးေနသူေတြရွိတယ္ဆိုတာ ျမင္သာေစပါတယ္။

အခုေတြ႕ရွိတဲ့ ငါးမန္းေတြဟာ ေရနက္ငါးမ်ိဳးစိတ္ေတြျဖစ္ေၾကာင္း၊ ငါးမန္းဆူးေတာင္ဟာ တ႐ုတ္ကို ေမွာင္ခိုတင္ပို႔တဲ့ အဓိကေရထြက္ကုန္ျဖစ္ၿပီး၊ ဆူးေတာင္ဟင္းခ်ိဳတစ္ခြက္မွာ ေပါင္ (၁၈၀)ေလာက္အထိ ေပါက္ေစ်းရွိတယ္လို႔ သိရပါတယ္။ စစ္တမ္းအရ ငါးမန္းေကာင္ေရ (၇၃)သန္း ႏွစ္စဥ္ အသတ္ခံေနရၿပီး၊ ယေန႔ဆိုရင္ ငါးမန္းေကာင္ေရ (၉၀)%အထိ ေလၽွာက်သြားၿပီလို႔ သိရပါတယ္။

လင္းေဇာ္ကို (D Nae Khit)

Unicode

တောင် အာဖရိကနိုင်ငံ ကိပ်တောင်းမြို့က ကမ်းခြေတစ်ခုမှာ ရာနဲ့ချီတဲ့ ငါးမန်းပေါက်တွေ သောင်တင်နေလို့ ဒေသခံတွေဟာ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ ငါးမန်းတွေဟာ ခေါင်းကနေ တိတိရိရိ ဖြတ်တောက်ခံထားရပြီး၊ ဘယ်လိုအကြောင်းကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာ မသိရပါဘူး။

နော က်ပြီး ငါးမန်းတွေရဲ့ စျေးအကြီးဆုံးအပိုင်းတွေဖြစ်တဲ့ အမြီးယပ်တောင်နဲ့၊ ငါးမန်းဆူးတောင်တွေလည်း မပါရှိတဲ့အတွက် လူတွေရဲ့ပယောဂကြောင့် ဖြစ်နိုင်တယ်လို့ပဲ ယူဆရမှာပါ။ ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာလ(၁၅)ရက်မနက်လောက်မှာ ဖြစ်ခဲ့တာလို့ The Sun က ဖော်ပြထားပါတယ်။

အခင်းဖြစ်ရာကို Cape of Good Hope SPCA အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဒီကိစ္စကို စုံစမ်းနေပြီး၊ အဓိကအားဖြင့်တော့ တရားမဝင် စီးပွားဖြစ်ငါးမန်းဖမ်းဆီးနေသူတွေရှိတယ်ဆိုတာ မြင်သာစေပါတယ်။

အခုတွေ့ရှိတဲ့ ငါးမန်းတွေဟာ ရေနက်ငါးမျိုးစိတ်တွေဖြစ်ကြောင်း၊ ငါးမန်းဆူးတောင်ဟာ တရုတ်ကို မှောင်ခိုတင်ပို့တဲ့ အဓိကရေထွက်ကုန်ဖြစ်ပြီး၊ ဆူးတောင်ဟင်းချိုတစ်ခွက်မှာ ပေါင် (၁၈၀)လောက်အထိ ပေါက်စျေးရှိတယ်လို့ သိရပါတယ်။ စစ်တမ်းအရ ငါးမန်းကောင်ရေ (၇၃)သန်း နှစ်စဉ် အသတ်ခံနေရပြီး၊ ယနေ့ဆိုရင် ငါးမန်းကောင်ရေ (၉၀)%အထိ လျှောကျသွားပြီလို့ သိရပါတယ်။

လင်းဇော်ကို (D Nae Khit)