က်ပ္ သိန္းရာခ်ီ လာဘ္ယူသူမ်ားကိုလည္း ေထာင္ဒဏ္သုံး၊ ေလးႏွစ္ပင္ခ်သည့္အတြက္ ၎အမႈသည္၏ အျပစ္ဒဏ္က မ်ားသည္ဟု ဒုရဲအုပ္ေက်ာ္နိုင္ဦး၏ေရွ႕ေနက ေျပာသည္။

အက်င့္ပ်က္ျခစားမႈ စြပ္စြဲခ်က္မ်ားျဖင့္ တရားရင္ဆိုင္ေနရသည့္ ရဲအရာအရွိတစ္ဦးအား ေထာင္ဒဏ္ေလးႏွစ္က်ခံရန္ မႏၲေလးတိုင္းေဒသႀကီး တရားလႊတ္ေတာ္က ေဖေဖာ္ဝါရီ ၁၀ ရက္တြင္ အမိန္႔ခ်လိုက္သည္ မႏၲေလးတိုင္းေဒသႀကီး ခ်မ္းေအးသာစံၿမိဳ႕နယ္ အမွတ္(၃) နယ္ေၿမ ရဲစခန္းမွ ဒုရဲအုပ္ေက်ာ္နိုင္ဦးသည္ ၂၀၁၈ အတြင္းက ျဖစ္ပြားခဲ့သည့္ အမႈတစ္ခုအတြက္ ရဲစခန္း အာမခံကိစၥေဆာင္ရြက္ရာတြင္ အမႈစစ္၊ စခန္းမႉးၿမိဳ႕နယ္မႉးတို႔ကို လက္ဘက္ရည္ဖိုး ေပးရန္အတြက္ ေငြက်ပ္ ၅၀,၀ဝဝ စီပါ စာအိတ္ သုံးအိတ္ စုစုေပါင္း ေငြက်ပ္၁၅၀,၀ဝဝကို တရားခံထံမွ ေတာင္းခံခဲ့ေၾကာင္း ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္လအတြင္းက အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စြပ္စြဲအမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

လႏွင့္ခ်ီ တရားရင္ဆိုင္မႈအၿပီး သူ႔အား အျပစ္ရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ကာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥေပဒ ပုဒ္မ ၅၆ ျဖင့္ ေထာင္ဒဏ္ခ်ခဲ့ျခင္းျဖစ္သည္ယင္းပုဒ္မသည္ အျမင့္ဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္အထိ အျပင္ ေငြဒဏ္လည္းခ်မွတ္နိုင္သည္ တရားစြဲဆိုခံရၿပီးေနာက္ အဆိုပါရဲအရာရွိသည္ တာဝန္မွရပ္ဆိုင္းခံခဲ့ရသည္ ရဲအရာရွိသည္ သူတာဝန္ထမ္းေဆာင္ခဲ့သည့္ စခန္းတြင္ပင္ အမႈဖြင့္ခံခဲ့ရျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ႏွစ္ ၾသဂုတ္ ၁၉ ရက္တြင္ လာေရာက္အဖမ္းခံခဲ့သည္ အဆိုပါရဲအရာရွိ၏ ေရွ႕ေန ဦးေက်ာ္ၿမိဳင္က သူ၏အမႈသည္အား တရား႐ုံးက ခ်မွတ္သည့္ ျပစ္ဒဏ္အေပၚ အထက္တရား႐ုံးမ်ားထံ အယူခံတက္မည္ဟု ဆိုသည္ သိန္းရာခ်ီယူတဲ့ သူေတြကိုလည္း သုံးႏွစ္၊ ေလးႏွစ္ ခ်ေနတာဆိုေတာ့ ခုလိုေငြတစ္သိန္းခြဲအတြက္နဲ႔ ခ်တဲ့ျပစ္ဒဏ္က မ်ားပါတယ္။

သက္ေသအေနနဲ႔ကလည္း ေငြေတာင္းခံရပါတယ္ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ ထြက္ဆိုတာေတြရွိတာပါ” ဟု ဦးေက်ာ္ၿမိဳင္က ေျပာဆိုသည္။

unicode version

ကျပ်သိန်းရာချီ လာဘ်ယူသူများကိုလည်း ထောင်ဒဏ်သုံး၊ လေးနှစ်ပင်ချသည့်အတွက် ၎င်းအမှုသည်၏ အပြစ်ဒဏ်က များသည်ဟု ဒုရဲအုပ်ကျော်နိုင်ဦး၏ရှေ့နေက ပြောသည်။

အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များဖြင့် တရားရင်ဆိုင်နေရသည့် ရဲအရာအရှိတစ်ဦးအား ထောင်ဒဏ်လေးနှစ်ကျခံရန် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ဖေဖော်ဝါရီ ၁၀ ရက်တွင် အမိန့်ချလိုက်သည် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၃) နယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်ဦးသည် ၂၀၁၈ အတွင်းက ဖြစ်ပွားခဲ့သည့် အမှုတစ်ခုအတွက် ရဲစခန်း အာမခံကိစ္စဆောင်ရွက်ရာတွင် အမှုစစ်၊ စခန်းမှူးမြို့နယ်မှူးတို့ကို လက်ဘက်ရည်ဖိုး ပေးရန်အတွက် ငွေကျပ် ၅၀,၀ဝဝ စီပါ စာအိတ် သုံးအိတ် စုစုပေါင်း ငွေကျပ်၁၅၀,၀ဝဝကို တရားခံထံမှ တောင်းခံခဲ့ကြောင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

လနှင့်ချီ တရားရင်ဆိုင်မှုအပြီး သူ့အား အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပေဒ ပုဒ်မ ၅၆ ဖြင့် ထောင်ဒဏ်ချခဲ့ခြင်းဖြစ်သည်ယင်းပုဒ်မသည် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် တရားစွဲဆိုခံရပြီးနောက် အဆိုပါရဲအရာရှိသည် တာဝန်မှရပ်ဆိုင်းခံခဲ့ရသည် ရဲအရာရှိသည် သူတာဝန်ထမ်းဆောင်ခဲ့သည့် စခန်းတွင်ပင် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ် ၁၉ ရက်တွင် လာရောက်အဖမ်းခံခဲ့သည် အဆိုပါရဲအရာရှိ၏ ရှေ့နေ ဦးကျော်မြိုင်က သူ၏အမှုသည်အား တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်အပေါ် အထက်တရားရုံးများထံ အယူခံတက်မည်ဟု ဆိုသည် သိန်းရာချီယူတဲ့ သူတွေကိုလည်း သုံးနှစ်၊ လေးနှစ် ချနေတာဆိုတော့ ခုလိုငွေတစ်သိန်းခွဲအတွက်နဲ့ ချတဲ့ပြစ်ဒဏ်က များပါတယ်။

သက်သေအနေနဲ့ကလည်း ငွေတောင်းခံရပါတယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပဲ ထွက်ဆိုတာတွေရှိတာပါ” ဟု ဦးကျော်မြိုင်က ပြောဆိုသည်။