ေ ဖေဖာ္ဝါရီလ (၁၁)

လေ့ လာမှုအသစ်တွေအရ ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မှုအချို့မှာ လူသားရဲ့ ခန္ဓာ ကိုယ်ထဲဝင်ရောက်ပြီး ၂၄ ရက်ကြာမှသာ လက္ခဏာပြနိုင်တယ်လို့ သိရပါတယ်။

ရောဂါဖြစ်ပွားရာဒေသမှပြန်လာပြီး ၂ ပတ်အတွင်းရောဂါလက္ခဏာမပြခဲ့ရင် လူကောင်းဖြစ်ကြောင်း (ကူးစက်မခံခဲ့ရကြောင်း) ယူဆချက်ဟာအမှန်မဟုတ်ပဲ ကိုယ်ခံစွမ်းအားပေါ်မူတည်လို့ တချို့လူတွေမှာ ၂၄ရက်(၃ပတ်ကျော်) အထိလောက်မှသာ ရောဂါလက္ခဏာပြနိုင်ပါတယ်လို့ တရုတ်ဆေးသိပ္ပံပညာရှင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၀၀၀ ကျော်ဟာ ယခင်က ယုံကြည်ထားတဲ့ ၁၄ ရက်အကြာခန့်က ကူးစက်ခံရတယ်ဆိုတာထက် လွန်ခဲ့တဲ့ ၂၄ ရက်ကျော်ကာလတွေက ကူးစက်ခံခဲ့ရတာကို တွေ့ရှိရပါတယ်။ ဒီလေ့လာမှုအရဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ ယခင်က ယုံကြည်ထားသလို လူ့ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ၁၄ရက်(၂ပတ်) အကြာမှာ ရောဂါလက္ခဏာပြတယ်ဆိုတာထက် ၂၄ ရက်ကျော်ကြာမှလည်း ရောဂါလက္ခဏာကို တွေ့ရှိနိုင် တယ်လို့ ဆိုပါတယ်။

လေ့လာမှုအသစ်အရဆိုရင် ပမာဏကြီးမားတဲ့ ရောဂါကူးစက်ခံရသူတွေကို ရှာဖွေတွေ့ရှိဖို့ ခက်ခဲသွားပြီဖြစ် တယ်လို့ စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ယနေ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံအတွင်း ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်ထောင်ကျော်သွားပြီ ဖြစ်ကာ ကူးစက်သူအရေအတွက်ကလည်း ၄၂၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ယနေ့မှာပဲ ကူးစက်မှုအဆိုးရွားဆုံး ဖြစ်နေတဲ့ ဟူးဘေးပြည်နယ်ထဲမှာ ၁၀၃ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ တရုတ် ကျန်းမာရေး ကော်မရှင်က ကြေညာလိုက်ပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ SARS ရောဂါကြောင့် သေဆုံးခဲ့သူ အရေအတွက်ထက် ကျော်လွန် သွားခဲ့ပြီဖြစ်ပါတယ်။

တရုတ် ကျမ်းမာရေးအာဏာပိုင်တွေဟာ ဒီရောဂါကူးစက်မှုကြောင့် ကျမ်းမာရေးလုပ်သား ဘယ်လောက် ကူးစက်ခံနေရတယ်ဆိုတာကို တိကျစွာ ထုတ်ပြန်ထားခြင်းမရှိပေမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့အထိ စာရင်းတွေ အရ ဒီရောဂါခံစားနေရသူတွေကို ကုသနေတဲ့ ဆရာဝန် ၄၀ ခန့်အထိ ကူးစက်ခံထားရပြီဖြစ်တယ်လို့ သိရပါတယ်။

ပန်ပန် Ref – The Straits Times
လေးစားစွာဖြင့် Blacker