လက် ရှိ ရန်ကုန်နာရေးကူညီမှုအသင်းကြီးရဲ့ ဥက္ကဋ္ဌ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်သားကြီးကျော်သူက သူ့ဆီကို ရောက်နေတဲ့ ခိုဖြူလေးနှစ်ကောင်က သူ့အပေါ်မှာ အချစ်ကြီးတဲ့အကြောင်းကို ပြောပြလာပါတယ်။ဒီခိုဖြူလေးနှစ်ကောင်ကတော့ ရန်ကုန်နာရေးကူညီမှုအသင်းကြီးမှ မအေးအေးဝင်းက ဦးကျော်သူတည်ထားကိုးကွယ်တဲ့ ပြည်မြို့ရှိ “ပရဟိတအောင်တော်မူစေတီ”မှာ မွေးမြူရန်လှူဒါန်းထားတဲ့ ခိုဖြူလေးတွေပဲဖြစ်ပါတယ်။

ဦးကျော်သူ က ပြည်မြို့မှာရှိတဲ့ “ပရဟိတအောင်တော်မူစေတီ”ကို အသွားစေတီမှာမွေးမြူရန်လှူဒါန်းထားတဲ့ ဒီခိုလေးနှစ်ကောင်ကိုပါ တစ်လက်စတည်းခေါ်ဆောင်သွားခဲ့တာပါ။ညနေပိုင်းရောက်တဲ့ အချိန် ခိုဖြူလေး(၂)ကောင်ကို ဦးကျော်သူက အစာကျွေးတဲ့ အချိန်မှာတော့ ခိုဖြူလေးနှစ်ကောင်က သူ့အပေါ်ထူးထူးဆန်းဆန်းပြုမူလာခဲ့ပုံကို ဦးကျော်သူက “အချစ်ကြီးသူတို့ နဲ့ ကျွန်တော်။ ပြည်မြို့ရှိ”ပရဟိတအောင်တော်မူစေတီ” သို့အသွား နာကူအသင်းမှ မအေးအေးမာ မှ ခိုဖြူလေးနှစ်ကောင်ကို ဘုရားတွင်မွေးမြူရန်လှူဒါန်းခဲ့၍ ကျွန်တော်၏ကားနှင့်တစ်လက်စတည်း သယ်ဆောင်ခဲ့သည်။ ညနေပိုင်းတွင် ကျွန်တော်ရေမိုးချိုးအပြီးငှက်ကလေးများအား အစာကျွေးရာတွင် ကျွန်တော်၏လက်ပေါ်မှတစ်ဆင့် နှစ်ကောင်စလုံးခေါင်းပေါ်အထိတက်လာကာ မနည်းကိုလှောင်အိမ်ထဲသို့ပြန်ထည့်ခဲ့ရသည်။သူတို့၏ အချစ်ကြီးပုံကတော့ မလွယ်ရေးချမလွယ်ပေ။”ဆိုပြီးဖော်ပြလာတာပဲဖြစ်ပါတယ်။

ခိုေ လးတွေရဲ့ အပေါ်မှာ မေတ္တာအပြည့်အဝထားရှိတဲ့ ဦးကျော်သူကို ခိုလေးတွေကလည်း အချစ်ကြီးချစ်တာကတော့ မေတ္တာတရားရောင်ပြန်ဟပ်တယ်လို့ပဲဆိုရမှာပါ။CeleGabar ပရိသတ်ကြီးရေ လူတွေမပြောနဲ့ တိရိစ္ဆာန်တွေတောင်မှ မေတ္တာတရားရဲ့ အေးချမ်းမှုကိုခံစားတက်ပြီး ပြန်လည်မေတ္တာထားတတ်ကြပါတယ်နော်…ပရိသတ်ကြီးရေ

Chilli – CeleGabar
Source – Kyaw Thu